Pages

အိန္ဒြာကျော်ဇင် နဲ့ဒုတိယရင်သွေး

ရုပ်ရှင် လောကသားတွေ ထဲက ကိုလူချောများ အတွက် ဆန်အိတ်များ လှူဒါန်း ခဲ့တဲ့  အိန္ဒြာကျော်ဇင် 

က ရေဘေးသင့် ပြည်သူတွေ အတွက် အဝတ်အစားများ လှူဒါန်းဦးမှာဖြစ် ကြောင်း သိရပါတယ်။
 
 “အရင်တုန်း ကလဲ ရေဘေးသင့် လူတွေ၊ ဒုက္ခရောက် နေတဲ့ ဒုက္ခသည် တွေ အတွက်ကို ပြေတီဦး 

အင်္ကျီ တွေ၊ အူဝဲရဲ့အင်္ကျီ တွေလည်း အမြဲ တမ်း လှူဖြစ်ပါ တယ်” လို့ အိန္ဒြာကျော်ဇင် ကပြော ပါတယ်။ 

 လတ်တလော ဖြစ်ပေါ် နေတဲ့ ရုပ်ရှင် လောကအခြေအနေ အပေါ်သရုပ်ဆောင် တစ်ဦး အနေနဲ့ 

အိန္ဒြာကျော်ဇင် က…

“အူဝဲတို့ ကတော့ ရုပ်ရှင် လောကသား အချင်းချင်း အမြဲတမ်း စည်းလုံး တာမျိုးပဲ မြင်ချင်ပါတယ်။ 

တစ်ခုခုဆိုရင် ကိုယ့်အတွက် ကိုယ်သိပ်မကြည့်ဘဲ တစ်လောက သားလုံးအတွက် 

ဆိုတာကို ခေါင်းထဲထည့် 

 ပြီး စဉ်းစားစေချင် ပါတယ်။ ဘယ်သူမဆိုကတော့ ကိုယ်အဆင်ပြေဖို့ ကိုယ်ကျိုး ကြည့်ကြတာ 

များပါတယ်။ ဒါပေမဲ့ အဲဒီ အထဲက မှ တတ်နိုင် သလောက်လေး အများ အကျိုးကြည့်မယ်၊ အများအကျိုး 

ကြည့်ရင် ကိုယ်ကျိုးလည်း အောင်ပါတယ်” လို့ပြောပါတယ်။ အိန္ဒြာကျော်ဇင် က ဇာတ်ကားတွေကို တစ်လ 

တစ်ကားနှုန်း နဲ့ ပြန်လည် ရိုက်ကူးတော့မှာ ဖြစ်ပြီး အောက်တိုဘာလမှာ အောင်သီရိ ထုတ်လုပ်ရေး 

အတွက် စိုင်းစိုင်းခမ်းလှိုင် နဲ့ စတင်ရိုက်ကူး ဖြစ်မယ်လို့ သိရ ပါတယ်။

“တစ်လ တစ်ကားနှုန်း ကတော့ ပရိသတ် အတွက် အူဝဲ ရိုက်ဖြစ်တာပါ။ ကိုယ်ကလည်း ပရိသတ်ကို 

ချစ်တယ်။ ပရိသတ် ကလည်း ကိုယ့်ကို ချစ်တယ်၊ အားပေးတယ်ဆိုတဲ့ အပေါ်မှာ ကိုယ့်ကို 

ကြည့်ချင်တယ်လို့ပြောတဲ့ ပရိသတ်တွေ အပေါ်မှာ ပြန်ပြီး တော့ ဇာတ်ကား ရိုက်ဖြစ်တာပါ” 

လို့ ပြောပါတယ်။ အရင်က ဒုတိယရင်သွေးယူဖို့အတွက် ဇာတ်ကားရိုက် နားခဲ့တာကြောင့် ဒုတိယ

 ရင်သွေးကို ဘယ်တော့ယူဖြစ်မလဲ လို့မေးတော့ အိန္ဒြာ ကျော်ဇင်က.. 

 “ဒုတိယရင် သွေးက ယူတော့ ယူချင်တာပေါ့လေ။ ဒါပေမဲ့ ကံတရားက ရှိသေးတယ်။ သူက ဘယ်အချိန် 

လာချင်လဲ မသိဘူး လေ။ အဲဒီ အပေါ်မှာ ကြည့်ရမှာပဲ။ ကလေးဆိုတာ သူ့အချိန်နဲ့ သူလာတာလေ” 

လို့ ပြောပါတယ်။ အခုဆိုရင် အိန္ဒြာ ကျော်ဇင်ရဲ့ သမီး လေး ပြေသုဒြာက ၁ နှစ် နဲ့ ၁၁ လ 

ရှိ နေပြီ ဖြစ်ပါတယ်။ အောက်တိုဘာထဲမှာ ၂နှစ် ပြည့်ပြီ ဖြစ်တဲ့ သမီးလေး ပြေသုဒြာ အတွက် 

သူစိတ်ရှုပ်မှာစိုးလို့ မွေးနေ့ပွဲ မကျင်းပဖြစ်ဘဲ မွေးနေ့ အလှူတော့ လုပ်ဖြစ်မယ်လို့ အိန္ဒြာကျော်ဇင် ကပြော 

ပါတယ်။ 

yoyarlay

No comments:

Post a Comment