Pages

စိတ်ဝင်စားတယ်ဆိုရင် အောက်ကမေးခွန်းတွေကို အပျင်းပြေဖြေကြည့်ပါ။

 စိတ်ထဲကပဲဖြေဖြေ.. လူသိအောင်ပဲဖြေဖြေ ဖြေနိုင်ပါတယ်။ အဖြေကို မနက်ဖြန်မှာတင်ပါမယ်.. ကျေးဇူး..

သင့်မှာ မိခင်ကိုချစ်ခင်စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ။ စမ်းသပ်ကြည့်ရအောင်.. Yes, No ထဲက အဖြေတစ်ခုကိုရွေးပေးပါ။

၁) ငယ်စဉ်ကတည်းက စကားနားထောင်ပြီး လိမ္မာတဲ့ကလေးလို့ မကြာခဏ သင်ချီးကျူးခံရဖူးတယ်။ (Yes) (No)

၂) မေမေဝယ်ပေးတဲ့ ပစ္စည်းနှစ်မျိုးကို သင့်ကိုယ်ပေါ်မှာ အချိန်မရွေးတွေ့နိုင်တယ်။ (yes ) (No)

၃) နေ့တိုင်း မေမေနဲ့ စကားငါးခွန်းအထက် သင်ပြောဖြစ်တယ်။ (yes ) (No)

၎) မကြာခဏ မေမေနဲ့အတူ ဈေးဝယ်ထွက်ဖြစ်တယ်။ (yes ) (No)

၅) စိတ်ညစ် ဝမ်းနည်းစရာတွေကြုံတိုင်း မေမေကို အရင်သတိရမိတတ်တယ်။ (yes ) (No)

၆) "ငါ့မေမေကပြောတယ်" ဆိုတဲ့စကားကို အကျင့်တစ်ခုလို သုံးစွဲတတ်တယ်။ (yes ) (No)

၇) သင်ဟာ အစာဂျီးများသူ (အစာရွေးသူ)ဖြစ်တယ်။ (yes ) (No)

၈) သင့်အပြင်ပန်းက ကြည့်ပျော်ရှုပျော်ဆိုပေမယ့် ဆန့်ကျင်ဖက်လိင်ရဲ့ နှစ်သက်မှုကိုမရခဲ့ဘူး။ (yes ) (No)

၉) ဖေဖေကို သိပ်မချစ်ဘူး။ (yes ) (No)

၁ဝ) မေမေက အိမ်ရှင်မဖြစ်တယ်။ (yes ) (No)
 
နိုင်းနိုင်းစနေ...............မှ

No comments:

Post a Comment