<div style='background-color: none transparent;'></div>

Home » » ရင်သားကင်ဆာ ရောဂါသည်တွေ အတွက် အလှူရှင် တစ်ဦးနဲ့ အပျော်စီး ရွက်လှေ အတူစီးမယ့် ကလာရာ

ရင်သားကင်ဆာ ရောဂါသည်တွေ အတွက် အလှူရှင် တစ်ဦးနဲ့ အပျော်စီး ရွက်လှေ အတူစီးမယ့် ကလာရာ

ရင်သားကင်ဆာရောဂါ ခံစားနေရတဲ့ ရောဂါသည်တွေကို လှူဒါန်းမယ့် အလှူရှင် တစ်ဦးနဲ့အတူ အပျော်စီး ရွက်လှေအတူစီးမယ်လို့ တောင်ကိုရီးယားမင်းသမီးချော ကလာရာက ကတိပြု ပြောဆိုလိုက်ပါတယ်။
ကလာရာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရင်သားကင်ဆာရောဂါသည်တွေကို ခွဲစိတ်ကုသမှု စရိတ်စက တွေကို ကူညီထောက်ပံ့ပေးတဲ့ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ‘WE Generation’ အဖွဲ့နဲ့အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေစဉ်မှာပဲ ကလာရာဟာ သူမရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်မှာ ဓာတ်ပုံ တစ်ပုံတင်ခဲ့ပြီး အဲဒီပို့စ်ကို like တစ်ခါလုပ်တိုင်း ၀ ဒသမ ၅ ၀မ် လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ရက်ပေါင်း အနည်းငယ်အတွင်းမှာပဲ သူမဟာ like ပေါင်း ၂၅၀,၀၀၀ ကျော်ရရှိခဲ့ပြီး သူမတို့ရဲ့အစီအစဉ် ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူမက ပါဝင်ပူးပေါင်းလိုသူတွေ ပိုမိုရရှိစေဖို့အတွက် ပါဝင်သူတွေထဲက တစ် ဦးနဲ့ ဇိမ်ခံရွက်လှေပေါ်မှာ အတူရှိနေပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ သူမ နဲ့အတူ ရွက်လှေစီးရမယ့် ကံထူး ရှင်ကို ဒီအစီအစဉ်ပြီးဆုံးတဲ့အချိန်မှာ ထုတ်ဖော်ကြေညာမှာဖြစ်ပြီး ဒီအခွင့်အရေးကို ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ အနည်းဆုံး ဖြန့်ဝေမှု ၁၀၀၀ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူဟာ ကလာရာနဲ့ အတူ ရွက်လှေပေါ် မှာ ညစာအတူစားခွင့်ရမှာ ဖြစ်သလို ဆံပင်အလှပြင်ဆိုင်တစ်ခုမှာ အသုံးပြုခွင့် အသိအမှတ် ပြုကတ်ပြား တစ်ခုကိုလည်း ရရှိမှာဖြစ်ပါတယ်။
ကလာရာဟာ သူမရဲ့ပို့စ်မှာ like ပေါင်း ၁၀,၀၀၀,၀၀၀ အထိရရှိဖို့ မျှော်လင့်ထားပြီး ပါဝင်ယှဉ်ပြိုင်နေကြ သူတွေကလည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။ ကလာရာနဲ့အတူ ရွက်လှေစီးခွင့်ရမယ့် ပုဂ်္ဂိုလ်ကို ‘WE Generation’ အဖွဲ့ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြပေးသွားမှာပါ။
Mizzima - News in Burmese
 Today Myanmar..........မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map