<div style='background-color: none transparent;'></div>

Home » » "အွန်လိုင်းချစ်သူ"

"အွန်လိုင်းချစ်သူ"





ကျနော့်မှာ ဖေ့စ်ဘုတ်ကနေတဆင့် ချစ်သူဖြစ်နေတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်ဗျ။
ချစ်သူတွေသာ ဖြစ်နေတာ၊ တယောက်နဲ့တယောက် မြင်ဘူးကြသေးတာ မဟုတ်ဘူး

သူကလည်း သူ့ပရိုဖိုင်းပုံမှာ ကိုရီးယားမင်းသမီးလေးပုံ တင်ထားတာ
အမည်- ခင်နွဲ့နှောင်း
နေရပ်-မန္တလေး၊ ဒါဘဲ

ကျနော်ကလည်း ပရိုဖိုင်းမှာ ရှုခင်းပုံတင်ထားတာ
အမည်- သိုလေးကန်
နေရပ်-မန္တလေး ဒီလောက်ဘဲ

ဒီနေ့တော့ သူနဲ့အပြင်မှာတွေ့ဖို့ ချိန်းထားတယ်
ချိန်းတာချိန်းရတာ ခပ်လန့်လန့်ရယ်
အပြင်မှာတွေ့လို့ ရုပ်ဆိုးကြီးဖြစ်နေရင် ဘယ့်နှာလုပ်ကြမတုံး

ဒါနဲ့ သူငယ်ချင်း စွယ်စုံရကိုမဲလုံးကို အကြံဥာဏ်တောင်းကြည့်တယ်။
သူကပြောတယ်... ....
"မင်းတို့က ဘယ်မှာ ချိန်းထားတာတုန်း"
"နိုဗိုတယ်က စားသောက်ခန်းမမှာ"
"သူ့ကိုတွေ့လို့ ရုပ်ဆိုးမကြီး ဖြစ်နေရင် ဒီလိုလုပ်..."
"ဘယ်လိုလဲ"
"ဗိုက်ကို လက်နဲ့နှိပ်ပြီး ပါးစပ်က အား.... ဗိုက်နာတယ် ဗိုက်နာတယ် လို့ အော်၊ အိမ်သာသွားမလိုလို ဘာလိုလိုနဲ့ နောက်ဖေးပေါက်က လစ်ခဲ့ပေါ့ကွ"
"ဟား...အဲဒီအကြံ ကောင်းတယ်ဗျာ"

ဒီလိုနဲ့... ...
ချိန်းထားတဲ့နေရာကို နည်းနည်းနောက်ကျပြီးမှ သွားလိုက်တယ်
စားသောက်ခန်းမရောက်လို့ အထဲလှမ်းကြည့်လိုက်တော့ ချိန်းထားတဲ့ စားပွဲနံပတ် 007 မှာ ကောင်မလေးတစ်ယောက် ရောက်နှင့်နေပြီ
မလှမ်းမကမ်းကနေ လှမ်းအကဲခတ်လိုက်တာ.... ....
အား... လား... လား
ချော ချော ရေး ပါ ရား
ကိုယ် လုံး လှ လှ လေး နဲ့ နန်းခင်ဇေယျာလေးလား မှတ်ရ
နာ တော့ ပွ ပြီ ဟီ ဟိ

ဒါနဲ့ သူရှိရာအသာသွားလို့ သူ့အနားမှာ ရပ်လိုက်တယ်
ပြီးတော့ ကိုယ့်ကိုကိုယ် မိတ်ဖွဲ့လိုက်တာ... ...

"ကိုယ်က သိုလေးကန်ပါ၊ ညီမက ခင်နွဲ့နှောင်း မဟုတ်လားဟင်"
... ဆိုတော့
ကောင်မလေးက...ကျနော့်ကို မော့ကြည့်တယ်
ကျနော့် မျက်နှာကိုလည်း မြင်ရော... ...

"အား.... ဗိုက်နာတယ် ဗိုက်နာတယ်"... ဆိုပြီး ဗိုက်ကို လက်နဲ့နှိပ်လို့ နောက်ဖေးပေါက်ကနေ လစ်ထွက်သွားပါလေရောဗျာ... ...

သန်၎ကို-ဘာသာပြန်သည်



Myanmar Forward.......................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map