<div style='background-color: none transparent;'></div>

Home » » မလေးရှား ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာ အသင်း ချန်ပီယံဆု ဆွတ်ခူး ……….. =========================================

မလေးရှား ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာ အသင်း ချန်ပီယံဆု ဆွတ်ခူး ……….. =========================================


ရန်ကုန် ဇူလိုင် ၃၁

မလေးရှား ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သော မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်း အမျိုးသား အသင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည် ရေက်ရှိလာသည်။

မြန်မာ ပိုက်ကျော်ခြင်း အသင်းသည် အိမ်ရှင် မလေးရှား (က)အသင်းကို အနိုင်ယူကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲကို မလေးရှား(က) အသင်းနှင့် (ခ)အသင်း၊ မြန်မာအသင်း၊ အင်ဒိုနီးရှား အသင်းနှင့် စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး အသင်းလိုက် ပြိုင်ပွဲ တစ်ခုတည်းသာ ကျင်းပ ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှာ ပွဲဦးထွက်ပွဲ၌ မလေးရှား (က) အသင်း ကို ရှုံးနိမ့်ခဲ့ပြီး စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှား (ခ)အသင်းကို ပြန်လည် အနိုင်ရရှိ ခဲ့သောကြောင့် ဗိုလ်လုပွဲတက် ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်လုပွဲတွင် မြန်မာအသင်းက မလေးရှား (က) အသင်းကို နှစ်ပွဲ- တစ်ပွဲဖြင့် ပြန်လည် အနိုင်ယူ ပြီး ရှုံးကြွေး ပြန်ဆပ်ကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

အောင်ပွဲရ မြန်မာ ပိုက်ကျော်ခြင်း၊ အသင်းတွင် အဖွဲ့ခေါင်းဆောင် ဦးကျော်ဇင်မိုး၊ အုပ်ချုပ်သူ ဦးအောင်ကျော်မိုး၊ နည်းပြ ဦးအောင်မျိုးမြင့်နှင့် ကစားသမား များဖြစ်ကြသည့် အောင်မျိုးဆွေ၊ ရာဇာထွန်း၊ ဘုန်းနိုင်၊ ထူးအောင်ကျော်၊ စည်သူလင်း၊ ကျော်စိုးဝင်း၊ ဝေလင်းအောင်၊ ဇော် လတ်၊ ဇော်ဇော်အောင်၊ အောင်ပြည့်ထွန်း၊ အောင်ကိုဦးနှင့် သန့်ဇင်ဦးတို့ ပါဝင်ကြ သည်။

ယခုယှဉ်ပြိုင် ခဲ့သော မြန်မာပိုက်ကျော်ခြင်း အသင်းမှာ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် နောက်ဆုံး ပြင်ဆင်ထားသော အသင်း ဖြစ်ကြောင်း သိရသည်။

အောင်ပွဲရ မြန်မာ ပိုက်ကျော်ခြင်း အသင်းအား မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဥာဏ်ထွန်းနှင့် တာဝန် ရှိသူများက ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သတင်း ရရှိသည်။
 
 
Myawady News
 
 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map