ဒီနေ့ခေတ်မှာ ကွန်ပြူတာ သုံးတဲ့ သူငယ်ချင်းတွေ သိထား သင့်တယ် ထင်လို့ပါ ကွန်ပျူတာ တစ်စုံရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ် ပါသတဲ့။ မယုံမရှိ ကြပါနဲ့။ London National Laboratory တစ်ခုရဲ့ တိကျ သေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊ Computer တခုရဲ့ Keyboard တခုတွင် Bacteria သန်းနှင့် ချီပြီး ပေါက်ဖွား ရှင်သန် နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။
ထို Bacteria များသည် လူတို့အား အစာ အဆိပ်သင့်ခြင်း (ဗိုက်ထဲတွင် မအီမသာ ဖြစ်ပြီး ၀မ်းလျောခြင်း) မှ အစ သေစေ နိုင်လောက်သည့် ရောဂါများ အထိ ဖြစ်ပွား ပျံ့နှံ့ စေနိုင်သည်။ ပြီးခဲ့သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိ သူမသိ အဖြစ်အပျက်လေး တစ်ခု ဖြစ်ပျက်ခဲ့သည်။ တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစ ကလေးငယ် တစ်ဦးကို ဆုံးပါး သွားစေခဲ့သည်။ အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့တွင် အသက် ၃၀ ကျော်မှ ရသော ကလေးလေး ဖြစ်သည်။ အသက်ကြီးမှ ရသော ကလေးမို့ မိဘများက တအား တန်ဖိုးထားသည့် (Precious Baby )လေး ဖြစ်သည်။
အဖေ ဖြစ်သူက Computer Programmer- တနေကုန် Computer ရှေ့တွင် အလုပ် ရှုပ်နေသူ ရုံးက ပြန်လာတိုင်း လုပ်လေ့ လုပ်ထ ရှိသည့် အကျင့်လေး တစ်ခုက သားလေးကို ချီပြီး နမ်းတတ်သည်။ ကလေးက မွေးကင်းစ (Baby)လေး။ ၁၀ ရက်သားခန့်သာ ရှိသေးသည့် တအား နုနယ်သည့် ကလေး လေးပေါ့။ သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ် တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ ဆေးရုံ တက်ရသည်။ ဆရာဝန်များက မွေးကင်းစ ကလေး ပိုးဝင်ရောဂါ (Neonatal Sepsis) ဟု ဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွား ရှာသည်။ မိဘ တွေကလည်း ဘယ်နေ မလဲ။ သူတို့ကလေး ဘယ်လို သေရသလဲ? အကြောင်း အရင်းကို ရှာသည်။ မိခင် ဖြစ်သူမှာ ကလေးကို နို့တိုက်သည် မှအပ တခြား အချိန်တွင် အထိအတွေ့ နည်းသည်။ နို့တိုက် ကျွေးသည့် အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း စနစ်တကျ ရှိလှသည်။ တခြားထိတွေ့သူမှာ အဖေ ဖြစ်သူသာလျှင် ရှိတော့သည်။ တနေကုန် ရုံးမှာ အလုပ်လုပ် ပြန်ရောက် ရောက်ချင်း လက်တောင် မဆေးပဲ ကလေးကို ချီပြီးနမ်း ရှုတ်တတ်သည့် အဖေ။ သူ့ ကိုသူ သံသယ ၀င်ပြီး သူငယ်ချင်း ဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲခန်း တစ်ခု တွင် သူ့လက်မှာ ရှိတဲ့ Bacteria တွေကို Culture လုပ်ကြည့်တော့ တွေ့ လိုက် ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့် Bacteria က
Read More >> http://www.myawady.com.mm/health/preventing/item/7242-2013-02-19-11-51-38
Myawady News.............မှ
0 comments:
Post a Comment