<div style='background-color: none transparent;'></div>

Home » » သခင် ရဲ့  ရင်ခွင် ထဲ တွင် မှေးအိပ် နေသည့် ကယ်ဆယ်ရေး ခွေး ဓာတ်ပုံ

သခင် ရဲ့  ရင်ခွင် ထဲ တွင် မှေးအိပ် နေသည့် ကယ်ဆယ်ရေး ခွေး ဓာတ်ပုံ



31-08-2013

အဆစ် အမြစ်ရောင် ရောဂါ ရှိသည့် ခွေး ကို ရေကန် ထဲ တွင် စိမ် ပေး နေစဉ် သခင် ၏ ရင် ဘတ်ထဲ တွင် အိပ် ပျော် နေသည့် ဓာတ် ပုံ မှာ Facebook တွင် အသုံး ပြု သူများ မျှ ဝေမှု အများဆုံး
ဓာတ် ပုံ ဖြစ် နေသည် ဟု Fox ရုပ်သံ အစီ အစဉ် တွင် ဖော် ပြ ခဲ့ သည်။

ဝစ္စကွန်ဆင် တွင် နေ ထိုင် သည့် ဂျွန်အန်ဂါ က အသက် ၁၉ နှစ် အရွယ် ရှိ သူ ၏ Shep အမျိုးအစားကယ်ဆယ်ရေး ခွေး ကို ညတိုင်း တွင် စူပါရီးယား ရေကန် တွင် ရေနွေးထွေး မှု ရှိ သော နေရာတွင် နေ့ တိုင်း စိမ် ပေး နေစဉ် တစ် ရက် ဉ် ဓာတ်ပုံ ဆရာမ Hannah Stonehouse Hudson က ရိုက်ကူးခဲ့ ပြီး သူ ၏ Facebook စာမျက် နှာ တွင် တင် ဆက် ခဲ့ ရာ ကြိုက် နှစ် သက် သူ ၃ သိန်း နီး ပါး ရှိ ခဲ့ ပြီး မျှဝေမှု နှစ်သောင်း ကျော် ရှိ ခဲ့ သည်။

ဓာတ်ပုံစတူဒီယို ပိုင် ရှင် Hannah Stonehouse Hudson က ဒီခွေးလေး ကို သူ့  သခင်ရေစိမ် ပေး နေစဉ် မှာ အခု လို အိပ် ပျော် သွား တာ ကို နေ့  စဉ် လို မြင် ဖူး ပါတယ် ။ တစ်ရက် မှာ ဓာတ်
ပုံ ရိုက် ဖို့  ဆုံးဖြတ် လိုက် တာ ပါ ဟု FOX ကို ပြောသည်။

” သင် မနေ့  က သင့် ရဲ့  Facebook စာမျက် နှာ ကို ၀င်မကြည့် ဖြစ် ဖို့ ဆို ရင် မင်း ရဲ့  နှလုံး သား တွေ ကိုအရည် ပျော် ကျ သွား စေ နိုင်မယ့် ဓာတ် ပုံ တစ် ပုံ တစ် ပုံ ကို မြင်တွေ ဖို့  အခွင့် အရေး လက် လွတ် ခဲ့ရ ပြီ လို့  ”

အစီ ချီပြီး FOX ရုပ် သံ တင် ဆက် သူ မယ် လီ ဆာ က တင် ဆက် သွား ခဲ့ ပါတယ်။

ဂျွန် အန်ဂါ ဟာ သူ့  ခွေးလေး ကို အသက် ရှစ် နှစ် အရွယ် မှာ မွေးစား ခဲ့ တာ ဖြစ် ပြီး နောက် တော့ဝစ္စကွန် ဆင် ရဲ့  ကျော် ကြား လှတဲ့ ရေခဲ့ မုန့်  နာမည် ဖြစ်တဲ့ Schoep လို့  ပေးခဲ့ ပါတယ်။

တမဟုတ် ခြင်း ကျော်ကြား လာ တဲ့ ခွေး ကလေး ကို ကရုဏာ သက် သူ တွေ က လေဆာ ရောင်ခြည်သုံး ပြီး ခွဲ စိတ် ကုသ ဖို့  လဲ အလှု ငွေ တွေ ထည့် ၀င် ကြ တယ်လို့  မီလ်ဝေါလ်ကီ သတင်း လွှာ မှာ ဖော်
ပြထား ပါတယ်။

အန်ဂါ နဲ့  သူ့  ရဲ့  ရည်းစား ဟာ လွန်ခဲ့ တဲ့ ၁၈ နှစ် ကျော်က အိုဇောကီး မြို့  က တိရိစ္တာဆန် ထိမ်းသိမ်းစောင့် ရှောက် ရေး ဂေဟာ မှာ လသား အရွယ် ခွေး ကလေး ကို တွေ့  ပြီး ခေါ် ယူ မွေးစား ခဲ့ တာ ဖြစ်ပါ
တယ်။

လွန် ခဲ့ တဲ့ ၁၄ နှစ် လောက် တုန်း က တော့ အတူနေ ချစ်သူ က အန်ဂါ ကို ပြစ် ပြီး ကော်လို ယာ ဒို ထွက်ခွာ သွားစဉ် မှာ အန်ဂါ က စိတ်ဓာ တ် ကျ လွန်း ပြီး တစ်နေ့  မီချီဂန် ရေကန် ကြီး ထဲ ကို ခုန် ချပြီး သတ်
သေ ဖို့  လုပ် စဉ် မှာ ခွေး ကလေး ရှောပ် က အံ့ ဖွယ် ကောင်း လောက် အောင် ပဲ သူ့  ကို ဆွဲ ထားတယ်
လို့  ဆို ပါတယ်။ နောက်တော့ သူဟာ လဲ ရှောပ် အတွက် အသက် ရှင် ခဲ့ တယ် လို့  ဆို ပါတယ်။

အန်ဂါ ညစဉ် ရေစိမ် ပေး နေစဉ် မှာ ရှောပ် ဟာ သူ့  ရင် ဘတ် ထဲ မှာ အခု လို လဲလျှောင်း ပြီး အိပ် ပျော်
သွား တယ် လို့  ဆို ပါတယ်။

Hannah Stonehouse Hudson ရဲ့  ဓာတ် ပုံ ဟာ Facebook မှာ သာ မကာ အခြား လူမှု ကွန်ယက် နဲ့အင်တာ နက် ဖို ရမ် တွေ မှာ လည်း ပျံ့ နှံ့  ခဲ့ပါတယ်။

Freedom News Group

ပုဂံအွန်လိုင်းမီဒီယာ.............မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map