Home »
» မလေးရှားရောက်မြန်မာတွေရဲ့ ဘဝ
မလေးရှားရောက်မြန်မာတွေရဲ့ ဘဝ

အိုဗာစတေးသမားများကို ပြန်ကြဖို့ တိုက်တွန်းတဲ့အခါတိုင်း သူတို့ပြောပြတဲ့ သူတို့အကြောင်း တွေကို ဘယ်သူကကူနိုင်မှာမို့လို့လဲ။
မြန်မာလူမျိုးပီပီ ကံကိုယိုးမယ်ဖွဲ့ပြီး ဘ၀ပေးအခြေအနေ ပေါ့လို့ ပြောကြရင်း
အထိတ်တလန့်နဲ့ပဲ နေ့တွေကို ဖြတ်သန်းနေကြပါတယ် ။
ဒီလိုနဲ့ပဲတခါဖမ်းပွဲလုပ်တိုင်း မလွတ်တဲ့လူက ထောင်ကျ ၊ အပြင်ကလူက အဲ့လူကို ပြန်ပို့ရင် ပြန်ပို့ဖို့အတွက် ပိုက်ဆံရှာ ၊ မပြန်ပို့သေး...ရင်လည်း ထောင်ထဲမယ် စားဖို့သောက်ဖို့အတွက်ရှာရသလို မြန်မာပြည်ကမိသားစုအတွက်လည်းရှာကြရပါတယ် ။ မလေးမှာ အိုဗာစတေးနဲ့နေသူအဖို့ရိုးနေတဲ့
ဖြစ်ရိုးဖြစ်စဉ်တွေပါ။ ဒီကြားထဲ “သမင်မွေးရင်း ကျားစားရင်း” ဆိုသလို
အလုပ်သွားရင်း ရဲနဲ့တွေ့လို့ကတော့ ၁ ပတ်စာ လုပ်အားခ ပြုတ်တဲ့အထိ
သူတောင်းစားကြေးပေးကြရပါသေးတယ်
ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် လကုန်လို့ပိုက်ဆံလွှဲကြရင် ဘယ်လေက်ပဲဒုက္ခရောက်နေကြပါစေ
….အိမ်နဲ့ဖုံးပြောကြတိုင်း မြန်မာပြည်က လူတွေကို နေကောင်းကြလား ။ ဘယ်သူက
ပိုက်ဆံဘယ်လောက်ယူ။ ဘယ်သူ့ကိုဘယ်လောက်ပေး နဲ့ ပြောကြသလို
သားသမီးရှိတဲ့မိဘတွေဆိုလည်း
လိမ္မာအောင်နေနော်။ ကျောင်းမှန်မှန်တက် ၊ ကျူရှင်ရောတက်လား ၊
စာပေးပွဲဖြေနိုင်လား ။ အဖေကြီး (သို့)အမေကြီးကတော့ နောက်လ ဘာဝယ်ပေမယ်နော်
စာကြိုးစားစသဖြင့် ပြောသံတွေကြားရသလို သက်ကြီးရွယ်အိုမိဘတွေကို ပစ်ထားပြီး
အလုပ်လာလုပ်တဲ့သူတွေကလည်း အမေ ၊ အဖေ နေကောင်းလား ၊ ဆေးမှန်မှန်သောက်နော် ၊
သား\သမီးတို့ အလုပ်ကောင်းပါတယ် ။ အဆင်ပြေပါတယ် . အဖေတို့အမေတို့
ကျန်းမာရေးဂရုစိုက်၊ ပိုက်ဆံပို့ပေးပါ့မယ်စသဖြင့် စိတ်ချမ်းသာအောင် ပြောနေကြပေမယ့် ကိုယ်တိုင်မှာတော့ အဲ့ဖုန်းပြောတဲ့အချိန်ကလွဲလို့ ဘယ်ချိန်အဖမ်းခံရမလဲဆိုတဲ့ အတွေးတွေနဲ့ပါ.
အိုဗာစတေးအကိုတယောက်နဲ့သိလို့
သူ့ကိုဖမ်းတော့မှာ မပြန်ဘူးလားဆိုတော့ ဒီလိုနဲ့နေလာတာ ၇
နှစ်ရှိပါပြီညီမရယ် ။ ရှောင်ရင်း တိမ်းရင်းပေါ့ . အခု သူ့သမီးက GTC မှာ
Civil နဲ့တက်နေတာ ။ ၁လကို ဘယ်လောက်ရှာပေးရတယ်ပေါ့ ။ သူ့သမီးလေး
ကျောင်းပြီးရင်တော့ ပြန်မှာပါတဲ့လေ။ နောက် ကျောင်းကုန်းဘက်က ကလေးတယောက်ဆို
အမရယ် မပြန်နိုင်ပါဘူး .. အိမ်မှာ အဖေ အမေက အသက်ကြီးပြီ။ ခုချိန်ဆို
ရေကကြီး ၊ အလုပ်ကထင်သလောက်ရှိတာမဟုတ်ဘူး ။ ဘာပြောပြော ကျွန်တော် ၁ လတခါ ပို့တဲ့ပိုက်ဆံကို အဖေနဲ့အမေ က မှီခိုစားနေရတာပါ ဆိုတော့လည်း ဘာမှကိုပြောစရာမရှိတော့ပါဘူး ။
အသိ အမတယောက်ဆိုရင်လည်း ကလေးကျောင်းပြီးရင်တော့ ပြန်မယ်ညီမရေ ပြောပြီး မိသားစုနဲ့တကွဲတပြား ရုန်းနေလေရဲ့……
အားလုံးသော မလေးရောက်မြန်မာများ ဘေးအပေါင်းမှ လွတ်ကင်းပါစေရှင်
Khin Nyein Chan Oo
uz
0 comments:
Post a Comment