Home »
သတင်း
» မြန်မာ U 15 အဝေးကွင်း၌ ဖိလစ်ပိုင် အသင်းကို တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရ
မြန်မာ U 15 အဝေးကွင်း၌ ဖိလစ်ပိုင် အသင်းကို တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရ
၂၂.၇.၂၀၁၃၊ တနင်္လာနေ့
မလေးရှား ဘောလုံး အဖွဲ့ချုပ်နှင့် အင်ဒိုနီးရှား FAM – FRENZ ဘောလုံး
အကယ်ဒမီတို့ ပူးပေါင်း ကျင်းပသည့် အသက် ၁၅ နှစ်အောက် U-15 အာဆီယံ
ချန်ပီယံရှစ် (Frenz Asean Champion ship) ပြိုင်ပွဲ၏ ပွဲစဉ် ၉၌
မြန်မာအသင်းက အဝေးကွင်းတွင် ဖိလစ်ပိုင် အသင်းကို တစ်လုံးတည်းသော ဂိုးဖြင့်
အနိုင်ရခဲ့သည်။
မြန်မာအသင်းအတွက်
တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ပြီးဆုံးရန် လေးမိနစ် အလိုတွင်
ကျောနံပတ် ၁၇ အောင်ပြည့်ကိုက သွင်းယူခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းကို အိမ်ကွင်းတွင် လေးဂိုး တစ်ဂိုးဖြင့်
အနိုင်ရခဲ့သောကြောင့် အိမ်ကွင်းရော အဝေးကွင်းပါ နှစ်ကျော့လုံးတွင်
အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းအနိုင်ကြောင့် မြန်မာ U-15
အသင်းသည် လာအို အသင်းကို အိမ်ကွင်း၌ ဧည့်ခံ ကစားရမည့် တစ်ပွဲ
လျှော့ကစားထားပြီး သုံးပွဲ နိုင် သုံးပွဲ သရေ နှစ်ပွဲ ရှုံးဖြင့် ရမှတ် ၁၂
မှတ် ရရှိထားပြီး အုပ်စု တတိယနေရာတွင် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။
မြန်မာအသင်း ပါဝင်သည့် အုပ်စု (ခ) တွင် အင်ဒိုနီးရှား အသင်းက ရမှတ် ၂၀
ဖြင့် အုပ်စု ပထမ၊ မလေးရှား (ခ) အသင်းက ရမှတ် ၁၆ မှတ်ဖြင့် အုပ်စု
ဒုတိယနှင့် မြန်မာက ရမှတ် ၁၂ မှတ်ဖြင့် အုပ်စု တတိယ၊ လာအို အသင်းက ရမှတ်
ရှစ်မှတ်ဖြင့် အုပ်စု စတုတ္ထ၊ ဖိလစ်ပိုင် အသင်းက ရမှတ် ခြောက် မှတ်ဖြင့်
အုပ်စု ပဉ္စမ၊ ဘရူနိုင်း အသင်းက ရမှတ် တစ်မှတ်ဖြင့် အုပ်စု နောက်ဆုံးနေရာ
တို့တွင် ရပ်တည်လျက် ရှိသည်။
အာဆီယံ ဒေသတွင်း နိုင်ငံများ၏
ဘောလုံး အဆင့်အတန်း မြှင့်တင်ရန် ရည်ရွယ်၍ မလေးရှား ဘောလုံး အကယ်ဒမီနှင့်
အင်ဒိုနီးရှားနိုင်ငံ Fam-Frenz ဘောလုံး အကယ်ဒမီတို့ ပူးပေါင်း ကျင်းပ သည့်
ယင်းပြိုင်ပွဲကို အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ရသည့်
စနစ်ဖြင့် မေလ ၂၅ ရက်က စတင် ကျင်းပခဲ့ရာ အာဆီယံ ၁၁ နိုင်ငံလုံး ယှဉ်ပြိုင်
ကစားလျှက်ရှိပြီး စက်တင်ဘာ ၁ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။
The Voice
1 comments:
ဂုဏ်ယူပါတယ် ရွှေမြန်မာ
Post a Comment