<div style='background-color: none transparent;'></div>

Home » » မိုဘိုင်းလ်ဖုန်း အားသွင်းရာမှ ဝန်ထမ်း လိုင်းခန်းရှိ စတိုခန်း မီးလောင်

မိုဘိုင်းလ်ဖုန်း အားသွင်းရာမှ ဝန်ထမ်း လိုင်းခန်းရှိ စတိုခန်း မီးလောင်


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံး ဥသျှောင်ရပ်ကွက်၊ သာသနာ (၂၅၀၀) ဝင်းအတွင်း၊ ဘုရားကြီး ဝန်ထမ်း လိုင်းခန်းတွင် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁ နာရီက မိုဘိုင်းလ်ဖုန်း ဓာတ်ခဲ အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

ဧည့်သည်များ နားနေသော ရတနာဗိမာန် အဆောင်အဝင်ရှိ အလျား ၁၀ ပေ x အနံ ၁၂ ပေရှိ စတိုခန်းအတွင်း မဟာမြတ်မုနိဘုရားကြီး လုပ်ငန်းဌာနခွဲ စာရေး တစ်ဦးက ၎င်း၏ မိုဘိုင်းလ်ဖုန်း ဓာတ်ခဲ အားသွင်းထားခဲ့ရာမှ မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် ၁၃ စီး၊ မီးသတ် တပ်ဖွဲ့ဝင် ၉၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ငါးမိနစ် အကြာတွင် မီးငြိမ်းခဲ့ပြီး အဆောင် တံခါးရွက်နှင့် မျက်နှာကြက်များ မီးလောင်ကျွမ်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဗဟို မီးသတ် ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ မီးလောင်မှုကြောင့် မဟာမြတ်မုနိ ဘုရားကြီး လုပ်ငန်း ဌာနခွဲ စာရေး ဦးမင်းနိုင်ကို ချမ်းမြသာစည်မြို့နယ် မြို့မ ရဲစခန်းက (ပ)၁၉၉/၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ချမ်းမြသာစည်မြို့နယ် မြို့မ ရဲစခန်းထံမှ သိရသည်။

ဖြိုးဖြိုးဇော်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map