<div style='background-color: none transparent;'></div>

Home » » ပြည်လမ်း၌ ပြိုင်ကား ပက်လက်လန်

ပြည်လမ်း၌ ပြိုင်ကား ပက်လက်လန်




ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းမကြီး လှိုင်မြို့နယ် တံတားဖြူ မှတ်တိုင် အနီးတွင် ဇူလိုင်လ ၂၁ ရက် နံနက် ၄ နာရီခန့်က ပြိုင်ကား တစ်စီး အရှိန်လွန်ကာ ပက်လက်လန် တိမ်းမှောက်ခဲ့ကြောင်း အဆိုပါ ယာဉ်တိုက်မှု ကို စစ်ဆေးသည့် လှိုင်မြို့နယ် ရဲစခန်းမှ အမှုစစ် အရာရှိက ပြောကြားသည်။

အဆိုပါ ပြိုင်ကားသည် ဂျာမနီနိုင်ငံ ပိုရှေး (Porsche) ကုမ္ပဏီထုတ် Panamera 4 အမျိုးအစားဖြစ်ပြီး ရှစ်မိုင်မှ လှည်းတန်းသို့ ဦးတည် မောင်းနှင်ခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကွန်ကရစ်တုံးကို ဝင်ရောက် တိုက်မိရာမှ ပက်လက်လန် တိမ်းမှောက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ယာဉ်က ပက်လက်လန် မှောက်ခဲ့ပေမယ့် ကားထဲက လေအိတ်တွေ ထွက်သွားလို့ လူ ဘာမှ မဖြစ်ဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ယာဉ် မောင်းနှင်သူသည် ရန်ကင်း မြို့နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ၎င်းကို ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် ထားကြောင်း လှိုင်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ဇူလိုင်လ ၁ ရက်နေ့မှ ၁၈ ရက်အတွင်း ယာဉ်တိုက်မှုပေါင်း ၅၃၃ မှု ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှုပေါင်း ၁၀၇ မှု ဖြစ်ပွားခဲ့ပြီး ၁၅ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဟိန်းသွင်ထက်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map