ဗြိတိန်နိုင်ငံက ချားလ်စ် မင်းသားသည် လူငယ် ဒါဇင်ပေါင်းများစွာကို ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် လူ့ဘောင်တွင် ခေတ်နှင့်အညီ နေထိုင်တတ်စေရန် မိုဘိုင်းလ်ဖုန်းများ လှူဒါန်းခြင်းအား လုပ်ဆောင်ရာ၌ Samsung ထုတ် Galaxy ဖုန်းများကိုသာ လှူဒါန်းခဲ့သဖြင့် ဥရောပတိုက်အတွငှ်း Samsung ၏ လွှမ်းမိုးမှုကို ဖော်ဆောင်ရာ ရောက်သွားကြောင်း The Telegraph သတင်းတွင် ရေးသားထားသည်။
Samsung ကုမ္ပဏီသည် ယမန်နှစ်အထိ ဝင်ငွေ ဒေါ်လာ ၁၇၉ ဘီလီယံ ရရှိခဲ့ပြီး အီလက်ထရွန်နစ် ပစ္စည်းများကို တစ်ကမ္ဘာလုံးသို့ ထုတ်လုပ် ရောင်းချနိုင်ခဲ့သည်။ စမတ်ဖုန်း လောကတွင်လည်း Galaxy အမည် ဖုန်းများကို ဆက်တိုက် ထုတ်ခဲ့ရာ ဈေးနှုန်း သက်သာခြင်း၊ နည်းပညာ မြင့်မားခြင်းများကြောင့် ပြိုင်ဘက် Apple ကို ကျော်တက် ပြီး အောင်မြင်မှုများ ရရှိခဲ့သော တောင်ကိုရီးယား ကုမ္ပဏီကြီး တစ်ခုလည်း ဖြစ်သည်။


0 comments:
Post a Comment