<div style='background-color: none transparent;'></div>

Home » » ဓာတ်ရောင်ခြည်ကုထုံးနှင့် နှလုံးသွေးကြောကျဉ်းရောဂါ အန္တရာယ် ==================================

ဓာတ်ရောင်ခြည်ကုထုံးနှင့် နှလုံးသွေးကြောကျဉ်းရောဂါ အန္တရာယ် ==================================



ရင်သားကင်ဆာရောဂါများမှာ ရင်သားတ၀ိုက်ကို ဓာတ်ကင်ပြီးကုသရတဲ့ ကုထုံးတွေရှိပါတယ်။ အဲဒီအခါမျိုးမှာ ဓာတ်ရောင်ခြည် များဟာ ရင်သား၊အရေပြားအောက်ဘက် ကြွက်သား၊နံရိုးများကို ကျော်လွန်ပြီး နှလုံးထိအောင် ဖြတ်သန်းရောက်ရှိသွားနိုင်ပါတယ်။
အဲသလို ဓာတ်ရောင်ခြည်ကုသမှုများကြောင့် နှလုံးရောဂါတွေများ ဖြစ်လေမလားဆိုပြီး ဥရောပတိုက် ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံများမှာ သုတေသနတစ်ခုပြုလုပ်ခဲ့ပါတယ်
အဲဒီအခါမှာ ဓာတ်ရောင်ခြည်ပမာဏများလေလေ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်လေလေဖြစ်ပြီး ပုံမှန်အမျိုးသမီးများနဲ့ ယှဉ်တဲ့အခါမှာ ရင်သားတ၀ိုက်ကို ဓာတ်ရောင်ခြည်နဲ့ ကုသခံဖူးသူ အမျိုးသမီးတွေမှာ ၇.၄%အထိ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ နှုန်း ပိုများကြောင်း တွေ့ရပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုအပြီး ၅နှစ်မှ နှစ်၂၀အထိတိုင်အောင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်လာနိုင်
ဖွယ်ရှိကြောင်းလဲ ဆိုထားတယ်။အထူးသဖြင့် နှလုံးရှိရာ ဘယ်ဘက်ခြမ်း၊ဘယ်ဘက်ရင်သားကင်ဆာဖြစ်ပွားတဲ့ လူနာတွေမှာ ဖြစ်နိုင်ချေ
ပိုရှိပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါအပြင် နှလုံးအမြှေးပါးနဲ့ ဆက်စပ်တဲ့ရောဂါတွေ၊နှလုံးခုန်မမှန်တဲ့ရောဂါတွေ၊ နှလုံးအဆို့ရှင်ရောဂါ
တွေကိုပါ ပိုအဖြစ်များစေတယ်လို့ ဆိုထားတယ်။ ဒါတွေဟာ ဓာတ်ရောင်ခြည်ကုထုံးတည်းတစ်ခုကြောင့် မဟုတ်ပဲ ကင်ဆာဆေးတွေ
သွင်းထားတဲ့ဒဏ်နဲ့ အခြားသော အကြောင်းများကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ဒါ့ကြောင့် ရင်သားကင်ဆာလူနာများကို ကုသရာ
မှာ ကင်ဆာဆရာဝန်များအနေနဲ့ နှလုံးအထူးကုဆရာဝန်များနဲ့ ပိုမိုတိုင်ပင်ဆွေးနွေးသင့်တယ်လို့ အကြံပြုထားကြပါတယ်။
Ref: http://www.bmj.com/content/346/bmj.f1715?g=widget_default

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map