<div style='background-color: none transparent;'></div>

Home » » ( ဟိုတယ်မှာ လူခေါ်အိပ်သူ iPhone ၂ လုံး ပျောက်ဆုံး ) ************************************

( ဟိုတယ်မှာ လူခေါ်အိပ်သူ iPhone ၂ လုံး ပျောက်ဆုံး ) ************************************


ဗဟန်းမြို့နယ် ဆရာစံလမ်းက ဟိုတယ်တခုမှာ ပြည့်တန်ဆာအမျိုးသမီးနဲ့ အိပ်စက်ခဲ့တဲ့ အမျိုးသားတယောက် တန်ဘိုးကြီးပစ္စည်းတွေ ပျောက်ဆုံးလို့ ရဲတိုင်ထားကြောင်း ဒီကနေ့ထုတ် သတင်းစာတချို့မှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို ကိုးကား ရေးသားထားကြပါတယ်။

သောကြာနေ့က အဲဒီဟိုတယ်မှာ အဲဒီအမျိုးသမီးနဲ့ အိပ်စက်ရာတယ်၊ နောက်တနေ့မှာ ဟိုတယ်အခန်းထဲ အဲဒီအမျိုးသမီးမရှိတော့ဘူး၊ အဲဒီအမျိုးသားရဲ့ iPhone ၁ လုံး၊ iPhone 5 ၁ လုံး၊ စိန်စီထားတဲ့ ဆွစ်နာရီ ၁ လုံး၊ ငွေသား တချို့လည်း မရှိတော့ဘူးလို့ ရေးထားတာ တွေ့ရမှာပါ။

အဲဒီထဲမှာ ဈေးအများဆုံးက လက်ပတ်နာရီပါပဲ။ သိန်း ၆၀ တန်ပါတယ် တဲ့။
ပျောက်သွားတာတွေက စုစုပေါင်း ၈၈ သိန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီသတင်းကို မဇ္ဈိမ၊ ပြည်ထောင်စု စတဲ့ သတင်းစာတွေ့မှာ တွေ့ရမှပါ။
သူတည်းခဲ့တဲ့ ဟိုတယ်အမည်ကိုတော့ သတင်းတွေမှာ ရေးမထားပါဘူး။
အမျိုးသမီးနဲ့ အမျိုးသားအမည်လည်း မတွေ့ရပါဘူး။

အမျိုးသမီးက အသက် ၁၈ နှစ်အရွယ်ဖြစ်တယ်၊ ဟိုတယ်ဝန်ထမ်းက ခေါ်ယူပေးတဲ့သူဖြစ်တယ်လို့ ဆိုတယ်။
အမျိုးသားက အသက် ၃၉ နှစ်အရွယ် လို့ ဆိုတယ်။

ဒီအတိုင်းသာ ဆိုရင် အမှုကို ဖော်ထုတ်ဖြေရှင်းဖို့အတွက် အမည်မသိဟိုတယ်က အမည်မသိဝန်ထမ်း ခေါ်ယူစစ်ဆေးခံရဖွယ် ရှိပါတယ်

iPhone 5
(ဓာတ်ပုံ - APPLE.COM)

by..,.. ဧရာဝတီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map