<div style='background-color: none transparent;'></div>

Home » » ၁၃ပေါင်၎အောင်စကလေး ဓမ္မတာအတိုင်းမွေး ============================

၁၃ပေါင်၎အောင်စကလေး ဓမ္မတာအတိုင်းမွေး ============================


REF:AFP
ဒါတွမ် ဇူလှိုင် ၃၀
=======================
ကလေးမှာ တစ်စတုန်နီးပါး ရှိပြီး အရပ်၂၂ဒသမ၆လက်မ ရှိ၍ ဂျာမနီ၌မွေးဖွားခဲ့သည်။
ဂျက်လင်းန်ကလေးမှာ ဇူ လိုင် ၂၆ရက်တွင် ၁၃ဒသမ၄ရ ပေါင်ရှိသည်။ ဤမိန်းကလေးမျိုး မွေးဖွားရာတွင် ဗိုက်ခွဲ၍မွေးလေ့ ရှိသည်။ သို့ရာတွင် ဤမိန်းကလေး အား သဘာဝအတိုင်း မွေးဖွားခဲ့ သည်။
ကလေးကို လစ်ပဇစ်မြို့ တက္ကသိုလ်ဆေးရုံတွင် မွေးဖွား သည်။ ကိုယ်ဝန်ဆောင်စဉ်ကာ လ ဆီးချိုရောဂါမရှိဟု ဂျာမန် ဒါစပီဂယ်သတင်းစာက ဖော်ပြ သည်။
ဤအခြေအနေမှာ ကိုယ် ဝန် ၂၄ပတ်၌ကြီးထွားလာခဲ့သည်။ ပုံမှန်ကလေးအရွယ်ထက်ကြီးမည့် လက္ခဏာဖြစ်သည်။
သို့ရာတွင် ကလေးရော မိခင်ပါ အခြေအနေကောင်းမွန် သည်ဟုဆိုသည်။ ယခုအခါမွေး ကင်းစကလေးငယ်များအဆောင် ၌ထားရှိသည်။
ဤကလေးမှာ ဂျာမနီတွင် သဘာဝအတိုင်းမွေးဖွားသည့် အကြီးဆုံးကလေးဖြစ်သည်။
၂၀၁၁ခုနှစ်က ဘာလင်၌ မွေးဖွားခဲ့သော ကလေးမှာ ၁၃ ပေါင်ရှိသည်။ မတ်လထဲတွင် ဗြိ တိသျှမိခင်မှ ပထမဆုံးမွေးသော ကလေးမှာ ၁၅ပေါင် ရအောင်စ ရှိသောကလေးကို ဂျော့ဟုအမည် ပေးခဲ့သည်။
ဂင်းနစ်မှတ်တမ်းအရ၁၈၇၉ ခုနှစ် ကနေဒါနိုင်ငံမှမွေးဖွားသော ကလေးမှာ အလေးချိန်အများဆုံး ဟု သိရသည်။ ကလေးမှာ ၁ဝကီ လိုဂရမ်ရှိသော်လည်း မွေးပြီး ၁၁ နာရီတွင် သေဆုံးသွားခဲ့သည်။

web link - http://goo.gl/dpyW1B

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map