<div style='background-color: none transparent;'></div>

Home » » ကမ္ဘာ့အပါးလွှာဆုံး Huawei Ascend P6 ကို ဇူလိုင်လကုန်ပိုင်းတွင် ပြည်တွင်း၌ မိတ်ဆက်မည်

ကမ္ဘာ့အပါးလွှာဆုံး Huawei Ascend P6 ကို ဇူလိုင်လကုန်ပိုင်းတွင် ပြည်တွင်း၌ မိတ်ဆက်မည်




ကမ္ဘာ့အပါးလွှာဆုံး မိုဘိုင်းဖုန်းဖြစ်သည့် Huawei Ascend P6 မော်ဒယ် အမျိုးအစား ဟန်းဆက်ကို ပြည် တွင်း၌ ဇူလိုင်လကုန်ပိုင်းတွင် မိတ်ဆက်ပေးမည် ဖြစ်သည်ပာု မြန်မာပြည်အခြေစိုက် Huawei ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖုန်းမှာ အသက် ၂၅ နှစ်မှ ၃၅ နှစ်ကြား အသက်အရွယ်များအတွက် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပြီး စတိုင်ကျကျ စမတ်ဖုန်းကိုင်ဆောင်လိုသူများနှင့် နည်းပညာမြင့်မားမှုကို ကြိုက်နှစ်သက်သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
Ascend P6 ၏ အထူမှာ ၆ ဒသမ ၁၈ မီလီမီတာသာရှိပြီး အလေးချိန်မှာ ၁၂၀ ဂရမ်သာရှိကာ ဖုန်း၏ မျက်နှာပြင်အကျယ် မှာ ၄ ဒသမ ၇ လက်မရှိ၍ ကိုယ်ထည်ကိုလည်း ချောမွေ့ပြီး တောက်ပြောင်သော သတ္တုနှင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ထို့အပြင် ဖုန်း၏ဘေးကိုယ်ထည်နံရံမှာလည်း သတ္တုကိုခွေ၍ ထည့် သွင်းပြုလုပ်ထားသည်။

Huawei Ascend P6 ၏ ကင်မရာမှာ 8MP ရှိပြီး ရှေ့ကင်မရာမှာ 5MP အထိရှိမည်ဖြစ်သည်။ ည အမှောင်တွင် ဓာတ်ပုံရိုက်သော်လည်း ကင်မရာဖန်ရှင်တွင် ညဘက်ရိုက်ရသည့်ဖန်ရှင်ကို ပြောင်းလဲ ရန်မလိုဘဲ အလိုအလျောက် ချိန်ညှိပေးနိုင်မည် ဖြစ်သည်။

ယင်းအပြင် အလင်းအမှောင်၊ မျက်နှာပြင်ချောမွေ့မှုတို့ကို အလိုအလျောက် ချိန်ညှိပေးနိုင်ပြီး ဗီဒီယို ရိုက်ကူးရာတွင် 1080P full HD ကိုအသုံးပြု၍ ရိုက်ကူးနိုင်သည်။ ဘက်ထရီကောင်းမွန်မှုကိုလည်း ဦးစားပေးထားပြီး အခြားဖုန်းများထက် ၃၀ ရာခိုင်နှုန်း ပိုမို၍ ပါဝါစားသက်သာသည်ဟုဆိုသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map