Home »
သတင်း
» "မြန်မာစာ မေဂျာယူပြီး အဝေးသင် တက္ကသိုလ် တက်မယ့် စိုးပြည့်သဇင်"
"မြန်မာစာ မေဂျာယူပြီး အဝေးသင် တက္ကသိုလ် တက်မယ့် စိုးပြည့်သဇင်"
စိုးပြည့်သဇင်က မော်လမြိုင်မှာ ဇာတ်ကား နှစ်ကား ရိုက်ကူးခဲ့ပြီး ရန်ကုန်
ကို ပြန်ရောက်လာတဲ့ အခါမှာ "ခေါက်ထီး လေး မလုံတလုံ" ဇာတ်ကားကို
မင်းမော်ကွန်း နဲ့ အတူ ရိုက်ကူး နေပါတယ်။ စိုးပြည့်သဇင် က "စိုးပြည့်
နောက်ဆိုရင် ကျောင်းတက်ဖို့လည်း ရှိတယ်။ ကျောင်းကတော့ အဝေးသင်ပဲ တက်မှာပါ။
မြန်မာစာမေဂျာ ကိုပဲယူမယ်လို့ စိုးပြည့် စိတ်ကူးထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ဝါသနာလည်း ပါတယ်။ နောက်တစ်ခုက စိုးပြည့် အနေနဲ့က ဘာပဲပြောပြော အဝေးသင်
တက်မှပဲ အဆင်ပြေမှာ။ ဒီဘက်မှာ လည်း စိုးပြည့် အနုပညာ အလုပ်လုပ်နေ မှာ
ဖြစ်တဲ့ အတွက် တခြား ဘာသာရပ် တွေက စာတအားကို များမှာကိုလည်း စိုးရိမ်တယ်။
ကိုယ့် အလုပ်နဲ့ အဆင်ပြေအောင် မြန်မာစာပဲ ယူဖို့ စဉ်းစားထား တယ်။
မြန်မာစာကို တကယ်လည်း စိုးပြည့်က ဝါသနာပါတယ်။ စိုးပြည့် နဲ့လည်း
သင့်တော်မယ် လို့လည်း ထင်တယ် " လို့ ဆိုပါတယ်။
လွင်လွင်ထွန်း၊
ဓာတ်ပုံ-မင်းမင်းထွန်း
အေးချမ်းမွန်
0 comments:
Post a Comment