<div style='background-color: none transparent;'></div>

Home » » သမိုင်းထဲက အတော်ဆုံး စစ်တုရင် ပညာရှင်

သမိုင်းထဲက အတော်ဆုံး စစ်တုရင် ပညာရှင်



Samuel Reshevsky လို့အမည်ရပြီး ၁၉၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ပိုလန်မှာ မွေးဖွားပါတယ်။ အသက် ၄ နှစ်သားက စတင်လို့ စစ်တုရင် ကစားခဲ့ပြီး တစ်နှစ်အတွင်း အံ့မခန်း ကလေး စစ်တုရင်ပညာ ရှင် ဖြစ်လာပါတယ်။

အသက် ၈ နှစ်အရွယ်ရောက်တော့ ပြင်သစ်က အတော်ဆုံး စစ်တုရင် ကစားသမားများနဲ့ သွားရောက်ယှဉ်ပြိုင်ရတဲ့ အဆင့်ကို ရောက်သွား ပါတယ်။ တစ်ယောက်ချင်းတောင် မဟုတ်ပါဘူး။ အတော်ဆုံး စစ်တုရင် ကစားသမား ပေါင်း ၁၀ ယောက်ကျော်ကို တစ်ပြိုင်နက်တည်း ဆော့ပြီး အားလုံးကို အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါတောင် အသက် ၈ နှစ်သား အရွယ်မှာပါ။

နောက်တော့ အမေရိကန်နိုင်ငံကို မိသားစုအလိုက် ပြောင်းရွှေ့ ပါတယ်။ အမေရိကန်မှာလည်း တစ်နှစ်အတွင်း နိုင်ငံပတ်ဆော့ပြီး အမေရိကန်ရဲ့  အတော်ဆုံး စစ်တုရင်အားကစားသမား ဖြစ်လာပါတယ်။ ကျောင်းပညာရေး ထိခိုက်မှာစိုးလို့ ၇ နှစ်တာကာလ ပြိုင်ပွဲလောကက သူ ရပ်နားခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုအနေနဲ့ စာရင်းကိုင်ဘာသာရပ်ကို ဘွဲ့ရအောင်ယူပြီး စာရင်းကိုင် အလုပ်လုပ်ရင်းကနေ စစ်တုရင်ပြိုင်ပွဲများကို တစ်ပွဲပြီးတစ်ပွဲ ဆက်နွဲပါတယ်။

နောက်တော့ စာအုပ်ထုတ်လာနိုင်တဲ့အဆင့်အထိ ရောက်ပြီး ပြိုင်ပွဲနဲ့ စာအုပ်က ရတဲ့ ဝင်ငွေများက သူ့ချမ်းသာလာစေပါတယ်။ လူအများ အထင်ကြီး လေးစားခံရပြီး ကမ္ဘာ့အတော်ဆုံး စစ်တုရင် အားကစား သမား အဖြစ် သမိုင်းမှာ အမည်တွင်စေခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် အသက် ၈၀ အရွယ်မှာ ကွန်လွန်ခဲ့ပြီး ယနေ့အထိ စစ်တုရင် စာအုပ်နဲ့ ပညာရှင် များ လောက များ နာမည်တစ်လုံး ကျန်ရှိနေဆဲ ဖြစ်တဲ့ ပညာရှင် ဖြစ်ကြောင်း သိရပါတယ်။
.
Ref: wiki
ရိုးရာလေး ဗဟုသုတ

www.yoyarlay.com/international-news/usa/36634-the-greate-chess-plyar-in-history

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map