Home »
ဗဟုသုတ
» ရင်သားကင်ဆာ စောစီးစွာ သိပြီးကာကွယ်နိုင်ကြဖို့ ===========================
ရင်သားကင်ဆာ စောစီးစွာ သိပြီးကာကွယ်နိုင်ကြဖို့ ===========================
ရင်သားကင်ဆာဟာ ကမ္ဘာနဲ့ အ၀ှမ်း အမျိုးသမီးများမှာ အဖြစ်များဆုံးကင်ဆာတစ်ခုဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာ၊ရင်သား
ကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ဟာ အမျိုးသမီးထုကို ခြိမ်းခြောက်နေတဲ့ ကင်ဆာရောဂါများဖြစ်ပါတယ်။ဒါကြောင့်လည်း အမျိုးသမီးတွေ
သားသမီးမွေးဖွားခြင်းဆိုတဲ့ အမှုကိစ္စပြီးရင် ရင်သားနဲ့သားအိမ်ကို ကင်ဆာကြိုတင်ကာကွယ်ရေးအနေနဲ့ ဖြတ်ထုတ်ပစ်ကြမလားဆိုတဲ့
မေးခွန်းတောင် ဆေးလောကမှာ ပေါ်ပေါက်ခဲ့ပါသေးတယ်။
သားအိမ်ခေါင်းကင်ဆာမှာ နောက်ပိုင်းသမီးပျိုများ
အတွက်တော့ လိင်အင်္ဂါကြွက်နို့ကာကွယ်ဆေးဆိုတာပေါ်လာပြီး သားအိမ်
ခေါင်းကင်ဆာကိုလည်း ကာကွယ်နိုင်လာပြီ။ ရင်သားကင်ဆာမှာတော့ ကြိုတင်ကာကွယ်ဆေးဆိုတာမျိုးလည်း ပေါ်ပေါက်လာဖို့ မလွယ်
ပြန်သေးဘူး။ဒါပေမယ့် ကမ္ဘာပေါ်မှာ ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းဟာ ကျသည်ထက်ကျလာပါပြီ။အကြောင်းရင်းများကတော့
စောစီးစွာသိလို့၊ခွဲစိတ်ကုသမှုတွေ အဆင့်မြင့်မြန်ဆန်လာလို့၊ခွဲစိတ်ပြီးနောက်ပိုင်း ကင်ဆာဆေး၊ဓာတ်ရောင်ခြည်ပေးကုထုံးတွေ ပိုမို
ကောင်းမွန်လာမှုစတာတွေ ဖြစ်ပါတယ်။
အရင်ကတော့ ရင်သားမှာ အလုံး၊အဖု၊အနာတွေဖြစ်ရင် အရှက်အကြောက်ကြီးပြီး
မပြရဲကြလို့ နောက်ကျခဲ့တာတွေရှိတယ်။ ယနေ့ ကျွန်တော်တို့ဆီမှာလည်း
အနည်းနဲ့အများတော့ တွေ့ရနေတုန်းပဲ။ အထူးသဖြင့် ကျေးလက်ဒေသက
မိဘပြည်သူတွေပေါ့။
မြို့ပြလူထုကြားထဲမှာတော့ လူနာအများစုက ရင်သားမှာ
ထူးခြားမှုရှိရင် ပြရဲ၊တိုင်ပင်ရဲလာကြပါပြီ။ဖြစ်မှ၊ အလွန်သိသာလာမှ
ပြသတာမျိုးမဟုတ်တော့ပဲ ရင်သားကို ကိုယ်ကိုတိုင်
စမ်းသပ်ပြီးအလုံးအကျိတ်တွေရှိသလား ကြိုပြီး စမ်းသပ်နိုင်ကြတဲ့
အဆင့်ထိ ကျန်းမာရေး အသိပညာတွေ တိုးတက်လာကြပါပြီ။
သည်တော့ အလုံးသေးသေးလေးကစလို့ ကြိုပြီး သိလာကြ၊
ဆရာဝန်ဆီရောက်လာကြ၊ ကင်ဆာဖြစ်နေခဲ့ရင် မှန်ကန်တဲ့ကုသမှု
တွေ မြန်မြန်ရကြလို့ ရင်သားကင်ဆာဆိုရင် သေမှာ ကြောက်စရာမလိုတော့ဘူးဆိုတာမျိုးအထိ ကင်ဆာကို အံတုရဲလာကြပြီပေါ့။
ဒါပေမယ့် ကင်ဆာဆရာဝန်တစ်ဦးအနေနဲ့ သည်အဆင့်အထိရောက်တာတောင်
ကျွန်တော်မကျေနပ်နိုင်သေးပါဘူး။ ရင်သားကို ကိုယ့်ဘာသာကိုယ်စမ်းသပ်တာထက်
ပိုမိုကောင်းမွန်တဲ့ Mammography ခေါ်
ရင်သားဓာတ်မှန်ရိုက်ခြင်းဆိုတာရှိသေးတယ်။
“ပိုက်ဆံများ ရှိလို့ကတော့”
ဆိုတဲ့ ကြေညာလေးကို သတိရမိပြီး ကျွန်တော့်ဆီမှာများငွေရှိရင် အသက် ၄၀ကျော်
အမျိုးသမီးတိုင်းကို တစ်နှစ် တစ်ကြိမ် ဖြစ်စေ
အခမဲ့ရင်သားဓာတ်မှန်ရိုက်ပေးချင်တာမျိုးပါ။ ဘာကြောင့်လဲဆိုတော့
ရင်သားကင်ဆာဖြစ်ပြီဟေ့ဆိုရင် အသက်၄၀ ကျော်မှာ အဖြစ်များဆုံးကိုး။
ငွေကြေးချမ်းသာတဲ့ တိုင်းပြည်များမှာတော့ သက်ဆိုင်ရာအစိုးရများကာ
တာဝန်ယူပြီး ရင်သားဓာတ်မှန်ရိုက် ပေးကြတာမျိုး ရှိပါတယ်။
ဘယ်အသက်အရွယ်မှာ၊ဘယ်နှစ်မှာ ဘယ်နှစ်ကြိမ်ရိုက်ဆိုတာကတော့ ကွာခြားမှုတွေ
၇ှိနေကြတယ်။
ကျွန်တော်တို့ဆီမှာသာ နောက်ကျပြီးမှ ရောက်တဲ့ ရင်သားကင်ဆာ
တွေကို တွေ့နေရတာ။ သူတို့တွေဆီမှာ မလိုအပ်ပဲ ရင်သားဓာတ်မှန်ရိုက်တယ်တောင် ဖြစ်နေကြတာမျိုးကိုး။
ရင်သားဓာတ်မှန်(Mammogam) ရိုက်လိုက်ပြီဆိုရင် ဓာတ်မှန်ဆရာဝန်က BI-RADS ခေါ်တဲ့ အဖြေကိုထုတ်ပေးပါတယ်။ သည်
အဖြေကိုကြည့်ပြီး ကင်ဆာကုဆရာဝန်များက သုံးသပ်၊ကုထုံးကို ရွေးချယ်ရတာမျိုးပါ။အသက် ၄၀အောက်ငယ်ရွယ်သူ အမျိုးသမီးများမှာ
တော့ ရင်သားဓာတ်မှန်ဟာ သိပ်မမှန်တတ်ဘူးလို့ဆိုပါတယ်။ ငယ်ရွယ်သူများပီပီ ရင်သားထဲမှာ ရှိတဲ့ ကြွက်သား၊တစ်သျှူးတွေဟာ ကင်
ဆာရှိ၊မရှိ အဖြေထုတ်ရခက်စေတယ်ဆိုပါတယ်။ သည်လိုမျိုးကျတော့ တီဗီဓာတ်မှန်(Ultrasound)၊ သံလိုက်စက်ကွင်းဓာတ်မှန် (MRI)
ဆိုတာမျိုးနဲ့ ထပ်မံစစ်ဆေးလို့ရနိုင်ပါသေးတယ်။
REF: http://emedicine.medscape.com/article/346529-overview
အေးချမ်းမွန်
0 comments:
Post a Comment