<div style='background-color: none transparent;'></div>

Home » » တေးသံရှင် ဆိုတေး နိုင်ငံခြား သွားရောက် ဆေးကုသရန် မဖြစ်နိုင်သေးဟုဆို

တေးသံရှင် ဆိုတေး နိုင်ငံခြား သွားရောက် ဆေးကုသရန် မဖြစ်နိုင်သေးဟုဆို



မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင် တွင် ဆေးကုသမှု ခံယူလျက် ရှိသော တေးသံရှင် ဆိုတေးကို နိုင်ငံခြားသို့ သွားရောက် ဆေးကုသရန်မှာ လတ်တလော အခြေအနေတွင် မဖြစ်နိုင်သေးကြောင်း လက်ရှိ ၎င်းကို အနီးကပ် စောင့်ရှောက်ပေးနေသော ဆိုတေး၏ ဦးလေး ဖြစ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

တေးသံရှင် ဆိုတေးသည် ယနေ့ ညနေပိုင်းတွင် သတိကောင်းစွာ မရသေးသော်လည်း ခြေထောက်၊ လက်များ လှုပ်လာပြီး အခြေအနေ အနည်းငယ် ကောင်းလာသည့်အတွက် ဆေးသွင်း ကုသရာတွင် ယခင်ထက် လျော့ကာ ကုသနေပြီဖြစ်ကြောင်း ဦးရဲမြင့်အောင်က ဆက်လက် ပြောကြားသည်။

“ဆိုတေးရဲ့ အမေ ကိုယ်တိုင်ကလည်း နိုင်ငံခြားကို သွားရောက် ကုသခွင့် မပြုပါဘူး။ သတိရလာပြီးမှ သာ လိုအပ်သလို လုပ်သွားမှာပါ။ Facebook စာမျက်နှာက ကောလာဟလတွေကိုလည်း ပြောချင်ပါတယ်။ မဟုတ်မမှန် တာတွေကို မရေးပါနဲ့၊ ဆိုတေးရဲ့ အဖေက သူ့သားကို မကြည့်ရက်လို့ဆိုပြီး လိုက်တောင် မလာဘူး၊ Facebook က သတင်းတွေကိုဖတ်ပြီး သေတယ် ထင်ပြီး ဖုန်းဆက် မေးမေး နေတာ” ဟု ၎င်းက ဆိုသည်။

ဆိုတေး၏ မိသားစုများက ဆိုတေးကို နိုင်ငံခြားတွင် သွားရောက် ဆေးကုသ ရန် လက်ရှိ တက်ရောက် ကုသနေသည့် မန္တလေး ဆေးရုံကြီးသို့ တရားဝင် ပြောကြားခြင်း မရှိသေးကြောင်း၊ မိသားစုက သွားရောက် ကုသရန် ပြောဆိုလာပါက ဆေးရုံကလည်း ခွင့်ပြုမည့် သဘောထား ရှိကြောင်း မန္တလေး ဆေးရုံကြီးရှိ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

တေးသံရှင် ဆိုတေး အပါအဝင် လေးဦး စီးနင်းလိုက်ပါလာသော KIA အမျိုးအစား ယာဉ်သည် ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃နှင့် ၂၉၁/၄ ကြားတွင် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး နေဝင်းက The Voice သို့ ပြောကြားသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map