<div style='background-color: none transparent;'></div>

Home » » ပြက္ခဒိန်ပေါ်က ငယ်ဘဝပုံရိပ်တွေနဲ့ကျော်သူ =========================

ပြက္ခဒိန်ပေါ်က ငယ်ဘဝပုံရိပ်တွေနဲ့ကျော်သူ =========================



ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားခဲ့သလို လက်ရှိမှာပရဟိတလုပ်ငန်း တွေကိုတက်တက်ကြွကြွ ဦးဆောင်လုပ်ကိုင်နေတဲ့ ဦးကျော်သူက၂ဝ၁၃ ခုနှစ်အ တွက် ပြက္ခဒိန်ကိုနာရေးကူညီမှု အသင်းအနေနဲ့ထုတ်ဝေထားကြောင်း ပြောပါတယ်။

“ငယ်ဘဝ၊ကျောင်းသား ဘဝ၊မင်းသားဘဝ၊လူမှုရေး ဘဝ၊မိသားစုဘဝတွေရဲ့ ပုံတွေနဲ့ ထုတ်ထားတယ်။ အဲဒီမှာ ရက်ရာဇာ၊ ပြဿဒါးဆိုတာ မပါဘူး။ကိုယ်ကောင်းတာလုပ် ရင်ရက်ရာဇာ၊မကောင်းတာ လုပ်ရင်ပြဿဒါးဆိုတဲ့ အတွေး အခေါ်ထည့် ထားတယ်။ပြီး တော့ မြန်မာနိုင်ငံမှာကျော် ကြားထင်ရှားခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်က ပုဂ္ဂိုလ် ကြီး တွေ ကွယ်လွန်သွား တဲ့ ရက် တွေကိုထည့်ထားတယ်” လို့ ဦးကျော်သူက ဆိုပါတယ်။

ရုပ်ရှင်မင်းသားဘဝက ရိုက်ခဲ့ တဲ့ ပြက္ခဒိန်တွေနဲ့လက်ရှိ လူမှုရေးလုပ်နေချိန်မှာ ထုတ်တဲ့ ပြက္ခဒိန်တွေမှာ ဘာကွာခြား ချက်ရှိမလဲလို့ ဦးကျော်သူကို မေးကြည့်တော့..

” ၂ဝ၁၃ ပြက္ခဒိန်ကို ပို အားရတယ်။ အဲဒီမှာက ကိုယ့် ဘဝဖြတ်သန်းမှုပုံတွေ အားလုံး ပါတယ်။ ဒီပြက္ခဒိန်ကရတဲ့ အကျိုးအမြတ်အားလုံးကို လူမှုရေးလုပ်ငန်းတွေမှာ သုံး မှာဖြစ်တဲ့အတွက် စိတ်ပိုသန့် တယ်။ အရင်တုန်းက ပိုက်ဆံ အဓိကဆိုတဲ့စိတ်နဲ့မတူတော့ဘူး” ဟု ဦးကျော်သူက ဖွင့်ဟပါတယ်။ အနုပညာ သက်တမ်း တစ်လျှောက်ဖြတ် သန်းခဲ့ရတဲ့ ပြက္ခဒိန်လောကအကြောင်းကို” အရင်တုန်းက ပြက္ခဒိန်လောကမှာအရိုက်ရဆုံးက ကျော်သူ၊စိုးသူတို့ပဲ။

တစ်နှစ်တစ်နှစ်ကို မနည်းဘူး။ ၈ဝ၊ ၉ဝ လောက်ရိုက် ရတယ်။ မှတ်မှတ် ရရတစ်ခုက စာပေစိစစ်ရေးကနေ အမျိုးသားတွေဆို ဘောင်းဘီ၊ အမျိုးသမီးတွေဆိုဂါဝန်နဲ့စကတ် မဝတ်ရဘူးဆိုပြီး ဖြစ်သွားတယ်။ အဲဒီတော့ ၂ နှစ်လောက်ပုဆိုးနဲ့ ရိုက်ရတယ်။ ရခိုင်ပုဆိုးနဲ့ရိုက်တော့ ကျော်သူပုဆိုးဆိုပြီးတစ်ခေတ်ဖြစ်သွားတယ်။ မူဝါဒတွေက အမျိုးမျိုးဖြစ်နေတော့ လုပ်ရတဲ့သူတွေနဲ့ ထုတ်ဝေသူေ တွ ဒုက္ခရောက်ခဲ့ရတယ်” လို့ ဦးကျော်သူက ပြောပြပါ တယ်။ ပြက္ခဒိန်မှာက ကိုယ့်စိတ်ကူး၊ ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ထုတ်ရကြောင်း၊တစ်နေ့တည်းအပြီး ရိုက်တဲ့ပြ က္ခဒိန်များလည်းရှိခဲ့ကြောင်း၊ ကင်မရာမင်းန်၊ ပုံနှိပ်တိုက်နှင့် ဖြန့်ချိ ရေးတို့အပေါ်မူတည်ကြောင်း ဦးကျော်သူက ဆက်ပြောပြပါ တယ်။

ပြက္ခဒိန်ဆိုတာ နှစ်တစ်နှစ်ရဲ့ စူပါစတားကြယ်ပွင့်တွေကိုပဲ အဓိကထား ရိုက်ကူးတဲ့အတွက် နှစ်တစ်နှစ်ရဲ့ ရုပ်ပုံအကြောင်း ဦးကျော်သူကိုမေးကြည့်တော့ ” အဓိကက ထုတ်ဝေသူတွေရဲ့ အတွေးပါပဲ။ ထုတ်ဝေသူက ချိန်နေတာကဒီနှစ်မှာအနုပညာလောကကနေ ဘယ်သူ တက်လာမလဲပေါ့။ တက်လာတဲ့ သူတွေထဲကဆွဲထုတ်ပြီး ဒီနှစ်အတွက် ပြက္ခဒိန် ၃ဝ လောက် ရိုက်ပေးပါပေါ့။ သူတို့တွေးတဲ့ဟာနဲ့ ကွက်တိဖြစ် သွားတာများတယ်။ ပိုစတာမင်းသား၊ မင်းသမီးဖြစ်မသွားဖို့ အရေးကြီးတယ်။ ပိုစတာမှာပဲ ကြည့်ကောင်းပြီး သရုပ်ဆောင်တာမှာ ညံ့နေရင်လည်း မဖြစ်ဘူး။ အလုပ်လုပ်ရင် အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်တာ အကောင်းဆုံး ပါပဲ” လို့ သုံးသပ်ပြခဲ့ပါတယ်။

သီဟ

အေးချမ်းမွန်

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map