<div style='background-color: none transparent;'></div>

Home » » "ရွန်နီအား မန်ယူမှမထွက်ခွာရန် ဖာဒီနန် သတိပေးစကားဆို"

"ရွန်နီအား မန်ယူမှမထွက်ခွာရန် ဖာဒီနန် သတိပေးစကားဆို"




မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာရန် ဆုံးဖြတ်ခြင်းသည် အမှားတစ်ခု ဖြစ်လာမည်ဟု ဝိန်းရွန်နီအား ရီယို ဖာဒီနန်က သတိပေးစကား ပြောကြားလိုက်သည်။

ဖာဒီနန်က ယူနိုက်တက်မှ ထွက်ခွာပြီး ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားသည့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဥပမာယူကာ ရွန်နီ အနေဖြင့် ယူနိုက်တက် ကစားသမား ဘဝတွင်သာ အောင်မြင်မှု ဆုဖလားများစွာ ရရှိနိုင်သည်ကို သဘောပေါက်သင့်ကြောင်း ဆိုသည်။

ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒိုသည် ယူနိုက်တက်တွင် (၆)နှစ် ကစားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု (၃)ကြိမ်၊ ချန်ပီယံလိဂ် ဆုဖလား(၁)ကြိမ်၊ ကမ္ဘာ့ကလပ် ချန်ပီယံများဖလား (၁)ကြိမ်၊ FAဖလား (၁)ကြိမ်နှင့် လိဂ်ဖလား (၂)ကြိမ်တို့ကို ရရှိခဲ့သည်။

သို့သော် (၂၀၀၉)ခုနှစ်က ရီးယဲလ်သို့ ကူးပြောင်းခဲ့ပြီးနောက်မူ (၄)နှစ်အတွင်း လာလီဂါ ချန်ပီယံဆု (၁)ကြိမ်၊ ကိုပါဒယ်လ်ရေး ဆုဖလား(၁)ကြိမ်သာ အဓိက အောင်မြင်မှုများ အနေဖြင့် ပိုင်ဆိုင်ထားသည်။

ယူနိုက်တက်တွင် (၁၁)ရာသီ ကစားခဲ့ပြီးဖြစ်သည့် ဖာဒီနန်က "ရွန်နီအတွက် ယူနိုက်တက်ထက် ပိုသင့်တော်တဲ့ နေရာမျိုး ကျွန်တော် မမြင်မိဘူး။ ရော်နယ်လ်ဒိုကိုပဲ ကြည့်ပါ။ သူဟာ တစ်ဦးချင်း စွမ်းရည်အရ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒါပေမဲ့ ယူနိုက်တက်ကို စွန့်ခွာသွားတဲ့အတွက် သူ့ဘဝမှာ အောင်မြင်မှု ဆုဖလားတွေ ပိုရခဲ့သလား။ ရီးယဲလ်မှာ ကစားဖို့က သူ့အိပ်မက်တစ်ခု ဖြစ်ခဲ့တယ်။ ဒါကို လေးစားရပါမယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဖြူအမည်း ကွဲကွဲပြားပြား မြင်သာမယ့် လမ်းကြောင်းကို ရွေးပါတယ်။ ဒီအသင်းမှာ ဆုဖလားတွေ ရယူနိုင်တယ်။ ဒါဆို ဘာကြောင့်များ ဒီအသင်းကို စွန့်ခွာမှာတဲ့လဲ"ဟု ပြောကြားသွားသည်။

၎င်းက "အောင်မြင်မှုဆိုတာ တောင်းဆိုမှု ကြီးမားတဲ့ အရာပါ။ ကမ္ဘာပေါ်မှာ ယူနိုက်တက်လို အောင်မြင်မှုအတွက် တောင်းဆိုခံနိုင်တဲ့ အသင်းက နည်းနည်းပဲ ရှိပါတယ်။ တကယ်တော့ ယူနိုက်တက်လို အသင်းကို ရွေးချယ်ရတယ်ဆိုတာ တွေးနေဖို့တောင် မလိုတဲ့ ကိစ္စပါ။ ကျွန်တော် ဒီအသင်းရဲ့ သမိုင်းကြောင်းကြောင့် ပြောင်းလာတယ်။ နှစ်တိုင်းလိုလို ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရတယ်။ ဒါပေမဲ့ ကျွန်တော် ကျောခိုင်းသွားဖို့ စိတ်မကူးခဲ့ဘူး။ ကျွန်တော် ယူနိုက်တက်ကို ရိုးရှင်းတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ရွေးခဲ့တာပါ။ အဲဒါကတော့ ဆုဖလားတွေ အရယူဖို့ပါပဲ"ဟုလည်း ဖွင့်ဟသွားခဲ့သည်။

‎#Rooney, ‎#Ferdinand, ‎#Manchester ‎#United, ‎#Premier ‎#League
‎#PlanetMyanmar

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map