<div style='background-color: none transparent;'></div>

Home » » ခိုင်လုံတဲ့သက်သေအထောက်အထားများအရဆိုတေးအား တရားစွဲဆိုသွားမည်ဟု မချိုချိုဖွင့်ဟ

ခိုင်လုံတဲ့သက်သေအထောက်အထားများအရဆိုတေးအား တရားစွဲဆိုသွားမည်ဟု မချိုချိုဖွင့်ဟ


အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီးအဖြစ် လက်မခံဘူး ဆိုရင် ခိုင်လုံတဲ့သက်သေအထောက်အထားများအရ တရားစွဲဆိုသွားမည်ဟု မချိုချိုမှ မြန်မာနိုင်ငံသတင်းထောက်များကွန်ရက်ရုံးခန်းတွင် ၂၀-၇-၂၀၁၃ နေ့လယ် ၁၁ နာရီတွင် စာနယ်ဇင်းရှင်းလင်းပွဲကျင်း
===============================

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည ဖိုးချစ်ဇာတ်အဖွဲ့နဲ့အတူ သီချင်းသီဆိုရန် ထွက်ခွာသွားတဲ့ အဆိုတော်ဆိုတေး၊ ဇနီးဖြစ်သူမချောချောနှင့် ယာဉ်မောင်း၊ မိတ်ဆွေအမျိုးသမီးတစ်ဦးတို့ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ဇနီးဖြစ်သူ မချောချော ပွဲချင်းပြီးသေဆုံးသွားသလို အဆိုတော်ဆိုတေးဟာလည်း မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရဆဲအချိန်မှာပဲ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ မိမိရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်ဆိုတေးအား ထိုင်းနိုင်ငံကို ခေါ်ဆောင်ကုသပေးမည်ဟူသည့် သတင်းများ ကျယ်ကျယ်ပြန့် ပြန့်ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြန်မာ့အလင်းသတင်းစာ ဇူလိုင် ၁၉ ရက်နေ့ထုတ်မှာတော့ အဆိုတော်ဆိုတေးရဲ့ မိဘညီအစ်ကိုမောင်နှမများရဲ့ ဖြေရှင်းချက်လို့အမည်တပ်ထားတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်လာပါတယ်။

ကွယ်လွန်သွားရှာတဲ့ မချောချော (ခ) မ၀င့်ကုဋေသူဟာ ကျွန်တော်ဦးတင်မြင့်ရဲ့သား ဆိုတေး၏ဇနီးဖြစ်ပါကြောင်း၊ ၁၆-၁၁-၂၀၁၂ နေ့တွင် နှစ်ဖက်မိဘများနှင့် သထုံခရုင်တရားသူကြီး ဒေါ်အေးအေးသင်းတို့၏ရှေ့မှောက်မှာ နှစ်ဦးသဘောတူလက်မှတ်ထိုးပြီး အကြင်လင်မယားအရာရောက်ခဲ့ပြီးဖြစ်ကြောင်း စသဖြင့် ကြေညာချက်ထွက်ပေါ်ပြီးနောက်တစ်ရက်မှာပဲ အဆိုတော်ဆိုတေးဟာ မိမိရဲ့ခင်ပွန်းဖြစ်ကြောင်း ၂၀-၇-၂၀၁၃ ရက်နေ့ စနေနေ့ နေ့လယ် ၁၁ နာရီမှာ ကာယကံရှင် စီဆူဒါးထိုင်းမိုင် (ခ) မချိုချိုက မြန်မာနိုင်ငံသတင်းထောက်များကွန်ရက် ရုံးခန်းမှာ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

မီဒီယာအများအပြား၊ သတင်းထောက်အများအပြားတက်ရောက်လာတဲ့ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မချိုချိုက
''အခုလို စာနယ်ဇင်းသတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရတဲ့အကြောင်းအရင်းကတော့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ကစပြီး မိမိနှင့်အဆိုတော် ဆိုတေးတို့ဟာ အကြင်လင်မယားအဖြစ် အတူတူပေါင်းသင်းနေခဲ့ကြကြောင်း အဆိုတော်ဆိုတေး သတိမရသေးတဲ့အချိန်မှာ မိမိဟာ အဆိုတော်ဆိုတေးနဲ့ မပတ်သက်ကြောင်း ထုတ်ပြန်ကြေညာလာတဲ့အတွက် မိမိအနေနဲ့ ဂုဏ်သိက္ခာထိခိုက်ခဲ့ကြောင်း၊ မိမိအနေနဲ့ သက်သေအထောက်အထားပြစရာ အများကြီးရှိကြောင်းနဲ့ အသိ သက်သေတွေလည်းရှိပါကြောင်း တကယ်လို့ အဆိုတော်ဆိုတေး သတိပြန်ရ လာတဲ့အချိန်မှာ မိမိကိုသူ့ဇနီးအဖြစ် လက်ခံ၊ မခံဆိုတာ တိကျတဲ့အဖြေ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ အကယ်ရွေ့ အဆိုတော်ဆိုတေးမှ မိမိအား ၄င်း၏ဇနီးအဖြစ် လက်မခံ၊ ငြင်းပယ်ခဲ့မယ်ဆိုရင်ဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တင်ပြကာ တရားစွဲဆိုသွားမှာဖြစ်ကြောင်း တက်ရောက်လာကြတဲ့ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

ဘယ်သတင်းဟာ အမှန်အမှားဆိုတာနဲ့ ဘယ်ဇနီးဟာ မိမိရဲ့တရားဝင်ဇနီးဖြစ်ကြောင်း အတည်ပြုပေးနိုင်မယ့် ကာယကံရှင်ဖြစ်သူ အဆိုတော်ဆိုတေးကတော့ ယခုအခါ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သတိပြန်လည်ရရှိလာစေဖို့အတွက် သက်ဆိုင်ရာဆရာဝန်ကြီးများ၊ မိသားစုများက အပူတပြင်း ဂရုစိုက်ဆေးဝါးကုသနေကြောင်းသိရှိရတဲ့အတွက် ဘယ်သတင်းအမှန်၊ အမှားနဲ့ ဘယ်သူဟာ တရားဝင်ဇနီးအစစ်အမှန်ဆိုတာကို အဆိုတော်ဆိုတေးမှာအပ ဘယ်သူမှသိနိုင်မှာမဟုတ်ကြောင်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲကိုတက်ရောက်လာတဲ့ သတင်းထောက်များက မှတ်ချက်ပြုခဲ့ကြကြောင်း သိရှိရပါတယ်။

The First Media Group

Ref- herjulekatha
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map