လာပီနော် ကြောက်တက်ရင်ဝေးဝေးကရှောင်ေ
ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကြီးတစင်းက ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမထက်တွင် တရိပ်ရိပ် ပြေးနေသည်။ အချိန်ကလည်း ည ၂ နာရီ ကျော်။ နေပြည်တော်အမြန်လမ်းမ မပြီးသေးသဖြင့် လမ်းဟောင်းအတိုင်း မောင်းနှင်နေသည်။ လမ်းဘေးဝဲယာတဖက်တချက်မှ ရွာငယ်လေးများက အမှောင်ထုအောက်တွင် အိပ်မောကျလျက် တိတ်ဆိတ် နေသည်။ တခါတရံမှသာလျှင် လမ်းဘေးတွင် ဟိုတစု သည်တစု မီးလှုံ နေသူများသာ တွေ့ရသည်။ ကားပေါ်တွင် မီးများပိတ်ထားသဖြင့် ခရီးသည်များ အိပ်၍လိုက်ပါလာခဲ့သည်။ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာလည်း ကွမ်းမြုံ့ရင်း တိတ်ဆိတ်နေသည်။ ကားရှေဆုံးပိုင်းရှိ ထိုင်ခုံထက်တွင် ဦးဇင်းတစ်ပါး ပါလာခဲ့သည်။ ဦဇင်း၏ ခရီးမှာ နေပြည်တော် မဟုတ်။ နေပြည်တော် အနီးမှ ရွာငယ်လေးတစ်ခုသို့ဖြစ်သည်။
ရှူး....ဆိုသည့် အသံကျယ်ကြီးမြည်ပြီး ရုတ်တရက် ကားရပ်သွားသည်။
ကားဒရိုင်ဘာ က မျက်စိမျက်နှာ မသာမယာဖြင့်
"ဟာကွာ..ငါထင်တော့ထင်တယ် သွား သွား first ဒရိုင်ဘာ သွားနှိုးချေ" ဟူ၍ သူ့နံဘေးရှိ စပယ်ယာ(ယာဉ်နောက်လိုက်)ဖြစ်
အဝေးပြေးကားကြီးများတွင် တစ်ညလုံးမောင်းရသဖြင့် first ဒရိုင်ဘာ၊ secondဒရိုင်ဘာ ဆိုပြီးရှိသည်။ မောင်းနှင်ရမည့် ခရီးအကွာအဝေးနှင့် ကြာမြင့်ချိန်အပေါ်မူတည်တွက်
စပယ်ယာလေးက အိပ်နေသော first ဒရိုင်ဘာ အား....
“ဆရာ ဆရာ မကျီးကုန်းမှာ ကားဘီးပေါက်သွားလို့”
စပယ်ယာဖြစ်သူ၏ စကားအဆုံးတွင် First ဒရိုင်ဘာ လန့်နိုးပြီး
“ဟေ...ဆင်းဆင်း ဓါတ်မီးတွေ ယူ ပစ္စည်းတွေယူ၊ ကားကို စက်မသတ်နဲ့၊ ဂီယာကို ဖရီးထည့်ပြီး ဟမ်းဘရိတ်ဆွဲထား၊ ဂျမ်းတုံးလည်း ခုထား”
ဟုဆိုပြီး ပြောပြောဆိုဆိုနှင့်ပင် အိပ်နေသည့်နေရာမှ ချက်ချင်းအလူးအလဲ ကုန်းရုံးထကာ ကားအောက်သို့ ဆင်းသွားလေသည်။
ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် ခရီးသည်နှစ်ဦးလောက်က အပေါ့အပါးသွားရန်အတွက် ယာဉ်အမှုထမ်းများ၏ အနောက်မှ လိုက်ဆင်းသွားကြသည်။ဟေမန္တဆေ
ထိုစဉ် ကားရပ် ထားသောနေရာ လမ်းဘေးမှ လယ်ကွက်၂ကွက်အကျော်တွင် လျှပ်စစ်မီးထိန်ထိန်လင်းနေေ
ကားပေါ်ကဆင်းမည်ဆိုပြီး ထိုင်ခုံမှထလာကာ ယာဉ်တံခါးပေါက်ဝအရောက်တွင် ကားပေါ်သို့ ကိရိယာတန်ဆာပလာများလာတင်သည်
“ဘုန်းဘုန်း....ဘယ်ကြွမလို့
“သြ...ဒကာလေး ဟိုက..စေတီလေးက သပ္ပါယ်လို့ အညောင်းပြေ အညာပြေ သွားဖူးမလို့ပါ“
ဟု သာမန် ပြောရိုးပြောစဉ်ပုံစံ အတိုင်းလေး ပြန်လည် မိန့်ကြားလိုက်သည်။ သို့သော် စပယ်ယာလေး၏ မျက်နှာထက်တွင်တော့ ဝေခွဲမရသော ပဟေဠိများဖြင့် ဆရာတော်အား မည်သို့မျှ ဆက်လက် မလျှောက်ထားတော့ပဲ ကြောင်တောင်တောင်ဖြင့်ကြည့်
“အရှင်ဘုရား နောက်များမှပဲ ဖူးတော့ဘုရား။ ဟေ့ကောင် ငချစ်သွားမယ် မြန်မြန်သိမ်း ။ စိုးမောင် တက်တက် လူစစ် “
ဟု သူ့ယာဉ်အဖွဲ့သားများကို ပြောဆိုလိုက်သည်။ ကားသမားတဖွဲ့လုံး သိသိသာသာမျက်နှာ ပျက်နေခြင်းကြောင့် ဦးဇင်းလေးလည်း ဘာမှပင် မမေးတော့ပဲ ကိုယ့်နေရာတွင်သာ ပြန်ထိုင်နေလိုက်လေသည်။ ယာဉ်ပေါ်တွင် ခရီးသည်အားလုံးစုံပြီဟု ယာဉ်ကြီးကြပ်ဖြစ်သူ၏ အကြောင်းကြားသံ အဆုံးတွင် ခရီးသည်တင်ယာဉ်ကြီးက ဘီးများစလှိမ့်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ ဒီတခါပြန်အထွက်တွင်မတော့ firstဒရိုင်ဘာ ကိုယ်တိုင်မောင်းပြီး ယာဉ်၏အရှိန်နှုန်းကလည်း အနည်းငယ် ပိုမြန်ဆန်လာသည်။ ထိုသို့ဖြင့် ကားပြန်ထွက်လာခဲ့သည်မှာ အချိန်အားဖြင့် ၂ နာရီပတ်ဝန်းကျင်ခန့် ရှိလာသည်။ နေပြည်တော်နားရှိ ဦးဇင်းလေး ဆင်းမည့် ရွာနားသို့ပင် ရောက်လာချေပြီ။ ဦးဇင်းလေးယာဉ်ပေါ်မှ အဆင်းတွင် first ဒရိုင်ဘာက
“တပည့်တော်တို့ အပြန် အော်ဒါ မရှိဘူးဘုရား။ ရန်ကုန်အပြန်ကျရင် အရှင်ဘုရားဆီကို ၀င်ခဲ့မယ်ဘုရား “
ဟု လျှောက်တင်လိုက်သည်။ ဦးဇင်းလေးက ဦးခေါင်းကို ငြိမ့်ပြလျက် ကားပေါ်မှ ဆင်းခဲ့လိုက်သည်။
ထိုနေ့ညနေစောင်းချိန်အရောက်
“အရှင်ဘုရားကို စေတီလေးမဖူးဖို့ တားရတာ အကြောင်းရှိပါတယ်ဘုရား။
တပည့်တော်တို့ ကားဝင်းထဲမှာ ပြီးခဲ့တဲ့ ခြောက် လကျော်က ကိစ္စ တစ်ခုဖြစ်ခဲ့တယ်ဘုရား။
တပည့်တော်တို ဒီနေ့ မနက် ကားဘီးပေါက်တဲ့နေရာမှာ တပည့်တော်တို့လို ကားတစ်စီး ကားပျက်သွားခဲ့တယ်ဘုရား။ ကြီးကြီးမားမား ပျက်တာမဟုတ်ဖူးဘုရား။
နာရီဝတ် လောက်ပြင်လိုက်ရင် ပြီးသွားတဲ့ ကိစ္စ ပါဘုရား။ ဒါပေမဲ့ ကားပြင်ပြီးလို့ လူစစ်တဲ့ အခါ သားအဖ နှစ်ယောက်ပျောက်နေပါတယ်ဘုရာ
မနက်ကလည်း တပည်တော်တို့ ကားဘီးပေါက်တဲ့နေရာမှာ ဘာစေတီ ဘာမီးမှ မရှိဘူးဘုရား။"
ဟေ...ဟုတ်ရဲ့လား ဒကာရဲ့
"တင့်ပါဘုရား။ ကျန်နေသေးတဲ့ အကြောင်းတွေကို တပည့်တော် ဆက်လျှောက်ထားပါ့မယ် ဘုရား။ ပျောက်သွားတဲ့ သားအဖ မှာ အဖေက အသက် (၃၀)၊ သမီးလေးက (၉) နှစ်(၁၀)နှစ် လေးပဲ ရှိသေးတာပါဘုရား။ ဒါနဲ့ ကားသမားတွေရော ကားပေါ်က ခရီးသည်တွေ ရော ဓါတ်မီးတ၀င်းဝင်း နဲ့ ဘေးပတ်ဝန်းကျင် အော်ခေါ်ရင်းလိုက်ရှာကြတာပေါ
"အဲ့ဒီအချိန်မှာ လူအယောက် ၂၀လောက် ဓါတ်မီးတွေကိုင်ပြီး သူတို့အနားကို ရောက်လာကြတယ်ဘုရား။ သူတို့က မျက်နှာတွေ ပျက်နေကြတာပေါ့ဘုရား ။ အဲ့ဒီမှာ ကားပေါ်က အဖွဲ့လည်း အနီးအနားက ရတဲ့တုတ်တွေ၊ ခဲတွေကောက်ကိုင်ပြီး ဘယ်သူလဲ ဘာလဲနဲ့မေးကြတာပေါ့ဘုရား။ အဲ့ဒိမှာ ဟို လူတွေက ပြန်ရှင်းပြကြပါတယ်။ သူတိုက အဲ့ဒိနားက ရွာသားတွေပါတဲ့ ဘုရား။
ဒီနေရာ မှာ အရင် ရက်တွေတုန်းက ကိုယ်ပိုင်ကားတွေ ပျက်ရင် လူဆိုလို့ ဘယ်သူ့မှ မကျန်ဘူး ဘုရား။ သူတို့ရွာ သားတွေပဲ လူစုပြီး ကျန်ခဲ့တဲ့ ပစ္စည်းတွေ ထွက်သိမ်း တာပါဘုရား။ နောက်မှ ရဲစခန်း အကြောင်းကြားပြီး ကားသိမ်း၊ လူပျောက်ဖွင့်ကြပါတယ်တဲ့ ဘုရား။ သူတိုက အခုလည်း ကျန်ခဲ့တဲ့ ပစ္စည်းတွေထွက်သိမ်းတာတဲ့ ဘုရား။ အဲ့ဒိ ကိစ္စ ဖြစ်ပြီး အဲ့ဒိ မကျီးကုန်းမှာ ကားတွေ တစ်ခုခု အမြဲဖြစ်တယ်ဘုရား။ ကားပျက်ရင်ပျက်၊ မ ပျက်ရင် လူတစ်ယောက်ယောက် အမြဲ ကားတားတယ်ဘုရား။ ကားတားတဲ့ လူက မျက်နှာ ဗြောင်ကြီးဖြစ်ရင်ဖြစ်၊ မဖြစ်ရင် မျက်လုံးက မေးစေ့နားရောက် ပါးစပ်က နဖူးပေါ်ရောက်နေတဲ့ လူတစ်ယောက်က အမြဲ ကားတားတယ် ဘုရား။ကြာလာတော့ မကျီးကုန်းနားမှာ တားတဲ့လူကိုတွေ့နေရတာမမြင်ခ
အဲ့ဒိလို လျှောက်ပြီး ကားသမား အဖွဲ့လည်း ဦးဇင်းလေးကျောင်းက နေ ပြန်ထွက်သွားကြတယ်။ ဦးဇင်းလေးလည်း တပတ်လောက်ကြာတော့ နေပြည်တော် ကနေ နေ့ခင်းဘက်ထွက်လာတဲ့ တခြားလိုင်းကားနဲ့ ပြန်လာခဲ့တယ်။ တစ်ကယ်ပါ... မကျီးကုန်းမှာ မကျီးပင်တစ်ပင်ကလွဲလို့ ကျန်တာ ဘာမှ မတွေ့ခဲ့ပါဘူး။
နာမည်တွေကို လွှဲ ရေးထားတာကလွဲပြီး ကျန်တာ ၁၀၀% ဖြစ်ရပ်မှန်ပါ။ ဦးဇင်းလေးကတော့ ရေနံချောင်း က ဦးဇင်းလေးဖြစ်ပြီး first ဒရိုင်ဘာကြီးက ရန်ကုန် သာကေတ (၁၃) ရပ်ကွက်မှာ သူ့မိသားစုနဲ့အတူ နေပါတယ်။ ဆရာတော်နဲ့ရော၊ first ဒရိုင်ဘာဖြစ်သူနဲ့ပါ တနေရာစီမှာ ဆုံတွေ့ခဲ့ဖူးပြီး သူတို့ နှစ်ဦးလုံးပြောပြလို့ သိရတာတွေကို ပြန်ဖောက်သည်ချခြင်းပါ...။
comment လေး ပေးခဲ့ပေါ့ဗျာ.........။
ကျေးဇူး အကြီးကြီးတင်ကြောင်းပါ ကို Min Mg Mg ။
လမ်းပေါ်တက် ကားမတားချင်သူ
(အက်ဒမင်-ရွာတော်ရှင်)
သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူမျာ


0 comments:
Post a Comment