<div style='background-color: none transparent;'></div>

Home » » အစစ်ပဲလိုချင်တယ်...

အစစ်ပဲလိုချင်တယ်...


တက်သစ်စ ရုပ်ရှင် နဲ့ မော်ဒယ် သရုပ်ဆောင်မင်းသမီးတဦးသည် အရမ်းဂျီးများ၏။
ထမင်းဆိုလဲ သူ့အတွက်သီးသန့်မှ......ဟင်းဆိုလဲ သူမှာသည့်ဆိုင်မှ အဲဒီလို ဂျီးများ၏။ အဲဒီလိုဂျီကျ၏။
ဒါပေမဲ့ သူမ က အရမ်း ဇာတာတက်ပီး လူကြိုက်များနေ၍ ရူတင်တခုလုံး သီးခံနေရ၏။သူမရဲ့ သဘောတော်အတိုင်းပေါ့ဗျာ။

ဒီလိုနဲ့ ...တောင်ပေါ်ဒေသ ရိုက်ကွင်းတခုမှာ စပါလေရော။ ဒါရိုက်တာက လည်း အေးတာနဲ့ နဲနဲသောက်ထားတယ်ဗျ.။


မင်းသမီး။ ။ဒီအခန်းမှာ ကျမ ၀တ်မဲ့ ဂျာကင်က မိချောင်းသားရေ အစစ်ဖြစ်ချင်တယ်ရှင့်...။ကျမက အားလုံး အစစ်ပဲ သုံးတယ်ရှင့်။


ဒါရိုက်တာ။ ။ဟုတ် ....ဖြစ်ရပါစေမယ်....။ဟေ့ တပည့်ရေ...ဈေးထဲသွားပီး အမြန်ဝယ်စမ်းဟေ့။


နဲနဲ ကြာတော့...

မင်းသမီး။ ။ကျမ စီးတဲ့ ဖိနပ်ကလည်း.....မိချောင်းသားရေ အစစ်နဲ့ ချုပ်ထားတာမှရမှာနော်။ဒါရိုက်တာာကြီး......
ဒါရိုက်တာ။ ။ကဲ.....ဈေး..သွားမဲ့ တပည့် ရေ။မိချောင်းသားရေ..စစ်စစ်နဲ့ ချုပ်တဲ့ ဖိနပ်တစ်ရံပါသေချာကြည့်ဝယ်ခဲ့ဟေ့။
ဒီအခန်းက အရေးကြီးတယ်။ အကယ်ဒမီပါမှန်းထားတာ...မင်းသမီးသဘောကျမှဖြစ်မှာဟေ့။သေချာလုပ်ကြဟေ့။
မင်းသမီးကျေနပ်သွား၏။ သို့နှင့်....နာရီဝက်ခန့်ကြာသော်.......မင်းသမီးမှ...
မင်းသမီး။ ။ခဏရှင့်။ဒီအခန်းမှာ ကျမ ၀တ်ရတဲ့ ပုလဲ ပုတီးက အစစ်လဲမဟုတ်ဖူး...။ကျမက အစစ်ပဲဆွဲချင်တာရှင့်..။စီစဉ်ပေးပါဦးဒါရိုက်တာကြီး။
ဒါရိုက်တာ နဲနဲတော့တင်းသွားသည်သာမက.....စိတ်ပါရှုပ်သွား၏။ ခုထိ ၀ယ်လို့မဆုံးသေး....။သို့နှင့် တပည့်နောက်တစ်ယောက်အားခေါ်ကာ...
ဒါရိုက်တာ။ ။ကဲ ...မင်း...ငါ့ကားယူသွား....။မင်းသမီး က ပုလဲ အစစ်နဲ့လုပ်တဲ့ ပုတီးတဲ့။ ဈေးထဲက ဆိုင်မှာ ရအောင်ရှာဝယ်ခဲ့ ...ပုလဲအစစ်နော်။

ကြားလား...။ဟေ့ကောင်....

မီးသမီး ကလည်း ပြုံးပျော်နေတာပေါ့။ဒါနဲ့ တပည့်လဲ ကားပေါ်တက်ပီးမောင်းကာနီးတွင် ဒါရိုက်တာကြီးမှ...လှမ်းပြောလိုက်တာက....
" အော်.....ဟေ့....နေဦး......ပုလဲပုတီးအစစ်လဲဝယ်ခဲ့။နောက် ပီး ဒီတောင်ပေါ်မှာ ဇာတ်သိမ်းခန်းပါရိုက်မှာကွ.....

မင်းသမီးက အစစ်ပဲ ကြိုက်သူဖြစ်တော့ ထပ်မမှာရအောင် ဒီလိုလုပ်ကွာ။

ဇာတ်သိမ်းခန်းမှာ မင်းသမီးက အဆိပ်စားရမှာ.....ဆိုတော့...ပိုးသတ်ဆေး အစစ်နှစ်ပုလင်းပါ ၀ယ်ခဲ့ဟေ့။
ကဲ.....အား လုံး....အစစ်ကြီးပဲဖြစ်စေရမယ်နော်...။တဲ့။...."

တိန်


ရီမောပျော်ရွှင်ပါစေ...


Lon Ely......

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map