<div style='background-color: none transparent;'></div>

Home » » "ဘန်ကောက်တွင် အမေရိကန်တစ်ဦးအား ဓားဖြင့်ခုတ်သတ်သည့် တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရမိ"

"ဘန်ကောက်တွင် အမေရိကန်တစ်ဦးအား ဓားဖြင့်ခုတ်သတ်သည့် တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရမိ"



ထိုင်းနိုင်ငံ ဘန်ကောက်တွင် အမေရိကန်တစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရမိဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ကြေညာသည်။ အသက် ၃၂ နှစ်အရွယ် တက္ကစီယာဉ်မောင်းက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့ အရာရှိက ပြောကြားသည်။

အမေရိကန်လူမျိုးက တက္ကစီးအငှားခ ကျသင့်ငွေ ၅၁ ဘတ် (၁.၆၀ ဒေါ်လာ) မပေးဘဲ တက္ကစီပေါ်မှ ဆင်းသွားကြောင်း၊ ၎င်းကကျသင့်ငွေ တောင်းသော်လည်း မပေးနိုင်ဟုဆိုကာ ငြင်းဆိုသဖြင့် တက္ကစီတွင် အသင့်ဆောင်ထားသော အရှည် ၁၂ လက်ရှိသော တောခုတ်ဓားဖြင့် အကြိမ်ကြိမ် ခုတ်ခဲ့ကြောင်း တက္ကစီယာဉ်မောင်းက ဝန်ခံခဲ့သည်။

စနေနေ့ (ဇူလိုင် ၆ ရက်) က ဘန်ကောက်မြို့ရှိ လူစည်းကားရာ ‪#‎Sukhumvit‬ လမ်းတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်ကို အနီးအနားရှိ လုံခြုံရေးကင်မရာတွင် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးကင်မရာ ဗီဒီယိုမှတ်တမ်းတွင် တက္ကစီယာဉ်မောင်းက တောခုတ်ဓားဖြင့် လွှဲခုတ်လိုက်စဉ် အခုတ်ခံရသူက လက်ဖြင့်ကာရင်း တက္ကစီယာဉ်မောင်းကို လှမ်းဆွဲရန် ကြိုးပမ်းခဲ့သည်ကို တွေရသည်။

ထို့နောက် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ၎င်းတို့နှစ်ဦးလုံး ကင်မရာမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ စက္ကန့်ပိုင်းမျှအကြာတွင်မူ ဓားကိုင်ထားသည့် တက္ကစီယာဉ်မောင်းမှာ ကင်မရာမြင်ကွင်းတွင် ပြန်ပေါ်လာပြီး အဆိုပါနေရာမှ ထွက်ပြေးသွားသည်ကို တွေ့ရှိရသည်။

အသတ်ခံရသည့် အသက် ၅၁ နှစ်အရွယ် အမေရိကန်လူမျိုး ပီလ်ကင်တန်မှာ အမေရိကန်စက်ယန္တရားကုမ္ပဏီ ‪#‎Caterpillar‬ ‪#‎Inc‬. တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ အနည်းဆုံး ၃ နှစ်ကြာပြီဖြစ်သည်။

တရားခံဖြစ်သူ တက္ကစီယာဉ်မောင်း Chidchai အား စစ်ဆေးရာတွင် ၎င်းအား ပီလ်ကင်တန်က တက္ကစီမီတာကို အကြံအဖန်လုပ်သည်ဟု စွပ်စွဲကြောင်း၊ ထို့နောက် ယာဉ်ကြောပိတ်ဆို့သည့်နေရာတွင် တက္ကစီပေါ်မှ ဆင်းသွားကြောင်း ထွက်ဆိုသည်။

ပီလ်ကင်တန်အား တက္ကစီငှားရမ်းခ တောင်းသည့်အခါ ၎င်းအား ကော်ဖီဖြင့် ပက်ခဲ့ကြောင်း၊ ထို့နောက် တက္ကစီတွင် ဆောင်ထားသည့် တောခုတ်ဓားကို ဆွဲကာ ပ်ီလ်ကင်တန်နောက်သို့ လိုက်သွားခဲ့ကြောင်း ယာဉ်မောင်း Chidchai က ဆက်လက်ထွက်ဆိုသည်။

လုံခြုံရေးကင်မရာ၏ ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုပြီးနောက် ရဲတပ်ဖွဲ့က မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေအတည်ပြုကာ တက္ကစီယာဉ်မောင်း Chidchai အား တနင်္ဂနွေနေ့က ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့သည်။ Chidchai ကို လူသတ်မှုနှင့် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် စွဲချက်တင်ထားကြောင်း သိရှိရသည်။

(ဓာတ်ပုံ - ရဲတပ်ဖွဲ့၏ ဖမ်းဆီးပြီးခံရပြီးနာက် ပီလ်ကင်တန်အား ဓားဖြင့်ခုတ်ခဲ့ပုံကို တက္ကစီယာဉ်မောင်း Chidchai က သရုပ်ပြစဉ်)

‪#‎Bangkok‬, ‪#‎Thailand‬, ‪#‎American‬
‪#‎PlanetMyanmar‬

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map