<div style='background-color: none transparent;'></div>

Home » » မန်ချက်စတာယူနိုက်တတ် နောက်ခံလူ ဂျွန်နီအီဗန်စ့် က မိမိ အနေနှင့် နည်းပြသစ် မိုယက်စ် နှင့် လက်တွဲကာ မန်ယူအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူလိုပါတယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တတ် နောက်ခံလူ ဂျွန်နီအီဗန်စ့် က မိမိ အနေနှင့် နည်းပြသစ် မိုယက်စ် နှင့် လက်တွဲကာ မန်ယူအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူလိုပါတယ်လို့ ဆိုပါတယ်။


အဆိုပါ မြောက်အိုင်ယာလန် နောက်ခံလူဟာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ဖာဒီနန် နှင့် ဗီဒစ်
တို့ ၏ ဒါဏ်၇ာပြဿနာများနှင့်ကြုံတွေ့ နေရသည့်အချိန်တွင် မန်ယူအသင်းနှင့်အတူပွဲထွက်ခွင့်များစွာ
ရရှိခဲ့ပြီး ဗဟိုနောက်ခံလူအဖြစ် ခြေစွမ်းပြကာ အနိုင်ဂိုးများကိုလည်းသွင်းယူပေးနိုင်ခဲ့ပါတယ်။
ပြီးခဲ့သည့် နှစ် ဘောလုံး၇ာသီက မန်ယူနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန် အနေနှင့် အီဗန်စ့် အား
ဗဟိုနောက်ခံ နေရာအတွက် ပွဲချိန်ပြည့်ထုတ်သုံးခဲ့ပြီး ဖာဒီိနန်၊ ဗီဒစ် တို့  နှင့် တွဲဖက်ကာ ကစားစေခဲ့ပါတယ်။
ဖီးလ်ဂျုံးစ် နှင့် စမောလင်း တို့ ဟာလည်း မန်ယူအသင်းရဲ့ နောက်တန်း နေရာအတွက် အပြိုင်ဖြစ်နေတာကို
မြင်တွေ့ ခဲ့ရပါတယ်။ အီဗန်စ့် ပြောကြားခဲ့သည်များက -

လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျွန်တော်ဟာ မန်ယူအသင်းမှာ နေ၇ာတစ်နေရာအတွက် တိုက်ပွဲဝင်
ခဲ့ရပါတယ်။ ကျွန်တော့် ရည်ရွယ်ချက်ကတော့ ဘောလုံးနှင့် အမြဲ ထိတွေ့ နေဖို့ ပါပဲ။ ကျွန်တော်
အိပ်ရာက နိုးတဲ့အခါ ပထမဆုံး လုပ်မိတာကတော့ ကျွန်တော် ဘယ်လိုတိုးတတ်အောင်လုပ်ရမလဲ ဆိုတာ
ပါပဲ။ အဲဒါ ဟာ ကျွန်တော် စိတ်ထဲမှာ အမြဲ စွဲလာခဲ့ပါတယ်။  ကျွန်တော်ဟာ အရင်ထက် နှစ်နာရီ ခန့် 
အိပ်ရာမှ စောထ လေ့ရှိပြီး ကျွန်တော် လေ့ကျင့်ခန်း အမြဲဆင်းဖြစ်တယ်။ ထို့ နောက် Gym ခန်း သို့ သွားတယ်။ အခုတော့ ကွှန်တော် ဟာ ဂေါဖ့် ကစားရတာကို နှစ်သက်လာပါတယ်။ ကျွန်တော် ဇနီး နှင့်
အချိန်ပေးပြီးနေရာကို သဘောကျတယ်။ ယခုနှစ် ဘောလုံးရာသီမှာလည်းအကောင်းဆုံး ကြိုးစားပြီး
ချန်ပီယံ ဆုဖလားကို ကာကွယ်သွားမှာပါလို့ ဆိုပါတယ်။


မန်ယူဖန်များအတွက်သီးသန့်နေရာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map