<div style='background-color: none transparent;'></div>

Home » » " ဘင်လာဒင်ကို ပါကစ္စတန် အစိုးရကလျစ်လျူရှု သို့မဟုတ် ကူညီခဲ့သလား" ===========================

" ဘင်လာဒင်ကို ပါကစ္စတန် အစိုးရကလျစ်လျူရှု သို့မဟုတ် ကူညီခဲ့သလား" ===========================






ပါကစ္စတန်နိုင်ငံ အတွင်း ၉ နှစ် ကျော်ကြာ ပိပိရိရိနေနိုင်ရန် အယ်လ် ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကိုပါ ကစ္စတန် အစိုးရပိုင်း၏ ဘက်ပေါင်းစုံမှ ပျက်ကွက်ခြင်း၊ အရည်အချင်း မမီခြင်း၊ လျစ်လျူ ရှုထားခြင်းတို့က ကူညီရာ ရောက်ခဲ့ကြောင်းကို ဖော်ပြသည့် သတင်း ပေါက်ကြားမှုအား အေအက်ဖ်ပီ သတင်း တစ်ခုတွင် သိရသည်။

ယူအက်စ် ကောင်းကင် ဂြိုဟ်တုများမှ ကိုယ်ရောင်ဖျောက်ရန် ဘင်လာဒင်သည် ကောင်းဘွိုင် ဦးထုပ်ဆောင်းခဲ့ ရပုံ၊ ဝရမ်းပြေးဘဝ စိတ်ဝင်စားဖွယ် အသေးစိတ် အချက်အလက်များနှင့် ဘင်လာဒင်ကို ဝင်ရောက် စီးနင်း တိုက်ခိုက်စဉ်က မသိရသေးသည့် အချက်အလက်သစ် များကို ပါကစ္စတန် တရားရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦး၏ အစီရင်ခံ စာတွင် ဖော်ပြလိုက်သည်ဟု ယင်း သတင်းကဆိုသည်။

ယင်း အစီရင်ခံစာမှာ ကမ္ဘာက အလိုအပ်ဆုံး တရားခံ တစ်ဦးနှင့် ပူးပေါင်း ကြံစည်မှု သို့မဟုတ် ၄င်းကို ကိုင်တွယ်ရန် အရည်အချင်း မပြည့်ဝမှု တို့ကို ဖော်ပြ ထားသောကြောင့် ပါကစ္စတန် သမိုင်းတွင် အရှက် ဂုဏ်သိက္ခာကင်းမဲ့ရ ဆုံးကိစ္စဖြစ်သည်။

ဘင်လာဒင်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်မှု အပြီးတွင် ပါလီမန်က လွတ်လပ်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ ပေးရန် တောင်းဆိုမှုကြောင့် တရားရေး ကော်မရှင် တစ်ရပ် ကို အစိုးရက ဖွဲ့စည်း ပေးခဲ့သည်။

ဘင်လာဒင်မှ ရှေ့မီနောက်မီ နိုင်ငံသားများ၊ စစ်တပ် အရာရှိများနှင့် ဘင်လာဒင်၏ ဇနီး သုံးဦးကို ဆော်ဒီ အာရေဗျနိုင်ငံသို့ ပြန်လည် မပို့ဆောင် ခင်က မေးမြန်း စုံစမ်း ခဲ့ကြပြီး ယင်းအ ချက်အလက် များကို လျှို့ဝှက်ထားခဲ့ရာ တနင်္လာနေ့က မှ အယ်လ်ဂျာဇီးရား သတင်း ကွန်ရက်က ထုတ်ဖော်ရေးသား ခဲ့ခြင်းဖြစ်သည်။

အရည်အချင်း မပြည့်ဝ သူများနှင့် အပြစ်ပေးခံ ရလောက်သည့် လျစ်လျူရှုမှု များသည် အစိုးရ အဖွဲ့အဆင့် အားလုံးနီးပါးတွင် ဖြစ်ပွားခဲ့ကြောင်းကို သက်သေ ထွက်ဆို ချက်များ က နိဂုံးချုပ် ဖော်ပြခဲ့သည်ဟု ယင်း သတင်းက ဖော်ပြခဲ့ သည်။

ပူးပေါင်း ကြံစည်သည် ဆိုသည့် စွပ်စွဲချက် များကို အတည်ပြုစရာ ဘာမျှ မတွေ့ရသော်လည်း အစိုးရ အရာရှိ အဟောင်း သို့မဟုတ် အသစ်များ၏ ပါဝင် ပတ်သက်နိုင်မှု ကိုလည်း ငြင်းဆို ဖယ်ရှားမှု မပြုနိုင်ပါဟု တရားရေးကော် မရှင်က ပြောဆိုသည်။

၂ဝဝ၁ ခုနှစ် တွင် အာဖဂန်နစ္စတန်ကို အမေရိကန်တို့ သိမ်းပိုက်ပြီး နောက် ထွက်ပြေးခဲ့ရကာ ၂ဝဝ၂ ခုနှစ် နွေဦး သို့မဟုတ် နွေရာသီ ကာလတွင် ပါကစ္စတန် သို့ရောက် ရှိလာသည့် ဘင် လာဒင်၏ နေ့စဉ်ဘဝ အကြောင်းအချက် အလက် သစ်များကို ယင်းစာမျက်နှာ ပေါင်း ၃၃၆ မျက်နှာပါ ယင်းသတင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

၂ဝဝ၅ ခုနှစ် သြဂုတ်လ၌ အဘိုတာ ဘတ်တွင် အခြေမချခင် အာဖဂန်နစ္စ တန်နယ်စပ် အနောက်မြောက် ဘက်ရှိ စဝတ် ခရိုင်၊ ဟရီပူး ခရိုင်နှင့်အချို့ ဒေသများတွင် ဘင်လာဒင် သည်နေထိုင် ခဲ့သည်။

စဝတ်ခရိုင်တွင် မြန်နှုန်းမြင့် မောင်းနေသော ဘင်လာဒင် ကိုယ်တိုင် စီးနင်း လိုက်ပါလာသည့် သူတို့၏ ကား ကို ရပ်တန့်စေခဲ့ရာတွင် ဘင်လာဒင်ကို ကူညီသူ သူမ၏ ခင်ပွန်း က ရဲနှင့် ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ကြောင်းကို သက်သေ ထွက်ဆိုသူ မုဆိုးမ တစ်ဦး က ပြောပြခဲ့သည်။

၉/၁၁ တိုက်ခိုက်မှုကို စီစဉ်ခဲ့သူ ခါလစ်ရှိတ် မူဟာမက်နှင့် ၂ဝဝ၃ ခုနှစ် ဖေဖော်ဝါရီလတွင်းက တောင်တန်း ဒေသများပေါ်တွင် ဘင်လာဒင်တို့ တွေ့ဆုံ ခဲ့ကြ သည် ဟု ပြောဆိုခဲ့ပြီး ၁ လ ခန့်အကြာတွင် ခါလစ်ကို ပါကစ္စတန် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

အဘိုတာဘတ် မြို့သို့ ဘင်လာဒင် လာရောက် အခြေချသည့် ၂ဝဝ၅ ခုနှစ် ထဲတွင်ပင် ပါကစ္စတန် ထောက်လှမ်း ရေးအဖွဲ့ (ISI) က အယ်ကေးဒါခေါင်း ဆောင်ကို လိုက်လံ ဖမ်းဆီးရန် အတွက် ဖွင့်ထားသော အမှုကိုပိတ်ပစ်ခဲ့သည်။

အဘိုတာဘတ်မြို့ရှိ ခြံဝင်း အတွင်း သို့ သွားရောက်စဉ်တွင် ဘင်လာဒင် သည် ကောင်းကင် မှမမြင်နိုင်ရန် ကောင်းဘွိုင် ဦးထုပ် ဆောင်းထားခဲ့သည် ဟု သူ၏ဇနီး များက သက်သေထွက် ဆိုခဲ့သည်။

ဘင်လာဒင်သည် နေထိုင် မကောင်း သည့်အခါ အာရပ် ရိုးရာ ဆေးဝါး များကို သုံးစွဲခြင်း၊ ပျင်းရိ လေးလံလာသည့်အခါ ချောကလက်နှင့် ပန်းသီး စားခြင်း၊ ခြိုးခြံ ချွေ တာသည့် ဘဝမျိုးဖြင့် နေထိုင်ခြင်း၊ သားသမီးများ မြေးများ၏ ဘာသာရေး ဆိုင်ရာ ပညာရေးကို ဦးဆောင်ပေးခြင်း၊ ဥယျာဉ်ခြံ စိုက်ခြင်း စသည်တို့ အပြင် မှောင် ပိတ်နေသည့် လကွယ်ည တစ်ည၌ နှစ်ရှည်လများ ကြောက်ရွံ့ ထိတ်လန့်နေ ခဲ့ရသော အမေရိကန် တို့၏ ဝင်ရောက် စီးနင်းမှု ကျရောက် လာပုံကို ဘင်လာဒင် ၏ ဇနီး များက ပြောခဲ့သည်ဟု သိရ သည်။

ထိုနေ့ညက ဘင်လာဒင်သည် သူ၏ ဇနီးသုံးဦးထဲမှ အငယ်ဆုံးနှင့် အိပ်စက်နေခဲ့ပြီး မုန်တိုင်းသံကဲ့သို့ အသံဖြင့် ဝင်ရောက် စီးနင်းမှုဖြစ်ပေါ် လာသည့် အခါ သူ၏ဇနီး အငယ် ကို မီးမထွန်းရန်ပြောပြီး သားငယ် ခါလစ်ကို ဘင်လာဒင် က လှမ်းခေါ်ခဲ့သည်။

သမီးငယ် နှစ်ဦးက ကုရ်အာန် ကျမ်းပုဒ် အချို့ကိုရွတ်ဖတ်နေစဉ် ခါလစ် နှင့် ဘင်လာဒင် တို့က နောက်ဆုံးအချိန် ကို ရင်ဆိုင်ရန် ပြင်ဆင်ကာ အသတ်ခံရ စဉ်တွင် လက်နက် ကိုင်ဆောင်ထားခြင်း မရှိဟု ယင်းသတင်း အရသိရသည်။

အိပ်ခန်း ကြမ်းပြင်ပေါ်တွင် မတ်တပ် ရပ်နေသော ဘင်လာဒင်ကို အမေရိကန် စစ်သားတစ်ဦးက သေနတ် ဖြင့် ချိန်ရွယ်ထားစဉ် ဇနီးငယ် အယ်မာ က ပြေးလွှားသွား ခဲ့ သည်။ အမေရိကန် စစ်သားက NO! NO! ဟု ဟန့်တား ပြီး သူမ၏ ဒူးကို ပစ်ခတ်ခဲ့ကြောင်း အယ်မာက ထွက်ဆိုခဲ့သည်။

အမေရိကန်တို့ ဝင်ရောက်စီးနင်း အပြီး၌ ဘင်လာဒင်၏ သေတမ်းစာ အပါအဝင် ရွှေများ၊ ကွန်ပျူတာ များကို သိမ်းဆည်းသွားခဲ့သည်။ ထိုသေတမ်း စာကို ဖတ်ခဲ့ဖူးသည့် ဇနီး တစ်ဦးက ယင်း တွင် နိုင်ငံရေး ကိစ္စများ မပါဝင်ဘဲ ပုဂ္ဂလိ က ဆိုင်ရာနှင့် မိသားစုကိစ္စများ သာပါဝင် သည်ဟု ပြောဆိုခဲ့သည်။

”သူ၏ သားသမီးများကို အယ်ကေးဒါး အဖွဲ့အစည်းအား ဦးဆောင်ရန် မကြိုးစားသင့်ကြောင်း ”ဘင်လာဒင်က သူ၏ သေတမ်းစာ တွင် ရေးသားခဲ့ ကြောင်း အခြား အစီ ရင်ခံ စာတစ်ခုက ဖော်ပြခဲ့သည်။

Ref: AFP

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map