<div style='background-color: none transparent;'></div>

Home » » ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရ

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရ




ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Service Provider တော့ Sony ရဲ့  ကုမ္မဏီခွဲဖြစ်တဲ့ So-net က ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါပဲ။ 2Gbps downloads, 1Gbps uploads ဆိုတော့ Google က လက်ရှိ အမေရိကန်မှာ ပေးတဲ့ Gigabyte ထက်၂ဆ တောင် သာပါတယ်။

ဈေးကလည်း သက်သာပါတယ်။ တစ်လလုံး သုံးမှ ၅၁ ဒေါ်လာပဲ ကုန်ကျတဲ့
အတွက် မြန်မာငွေနဲ့ တွက်ရင် ၄သောင်းခွဲ ဝန်းကျင် လောက်ပါပဲ။ ကနဦး
တပ်ဆင်ခ ကတော့ ၅၃၇ ဒေါ်လာ ဖြစ်ပြီး ၂ နှစ်စာချုပ်နဲ့ install ပြု
လုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့် လိုက်ရင် ထူးထူးခြားခြား
ဈေးကြီးသွားခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံမှ အင်တာနက်လိုင်းအခြေပြု စီးပွားရေး လုပ်ငန်းများ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့ ဆိုပါ
တယ်။ ဒီတော့ တစ်ယောက်တည်း 2GBs သုံးရုံတင်မက နောက်ထပ်ပါ လိုင်းထပ်ခွဲ သုံးတာတောင် HD movie ကို စက္ကန့်ပိုင်းအတွင်း ဒေါင်းနိုင်တဲ့
ကော်နက်ရှင် ဖြစ်ပါတယ်။

ဒါကြောင့် So-net ဟာ Google ကိုကျော်လွန်လို့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ထောက်ပံ့တဲ့ service provider အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။
-
အေးချမ်းမွန်..............
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map