<div style='background-color: none transparent;'></div>

Home » » "တီဘီရောဂါ ကုသမှုနည်းလမ်းကို ရှာဖွေဖော်ထုတ်ခဲ့သည့် ဆေးပညာရှင် ကွယ်လွန်"

"တီဘီရောဂါ ကုသမှုနည်းလမ်းကို ရှာဖွေဖော်ထုတ်ခဲ့သည့် ဆေးပညာရှင် ကွယ်လွန်"




တီဘီရောဂါကို ကုသရာတွင် ရှေ့ဆောင်လမ်းပြအဖြစ် ရပ်တည်ခဲ့သူ တစ်ဦးဖြစ်သည့် ပညာရှင်ကြီး ပရော်ဖက်ဆာ ဂျင်မီဝီလျံဆမ်သည် ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်သည်။ ယင်းသည် တီဘီရောဂါကို ကုသသည့် နည်းလမ်းကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည့် စကော့တလန် ဆေးပညာရှင် အဖွဲ့အနက် နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်သော်လည်း ယခုအခါ
တွင်မူ အနိစ္စ ရောက်ခဲ့ပြီဟု သိရှိရသည်။

၎င်းကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိနေပြီ ဖြစ်သည်။ ပရော်ဖက်ဆာ ဝီလျံဆမ်သည် (၁၉၅၀)ပြည့်လွန် နှစ်များက ပိုးသတ်ဆေး (၃)မျိုးကို
ပေါင်းဆပ်ကာ တီဘီရောဂါ ကုသနိုင်သည့် ဆေးနည်းကို ဖော်ထုတ်နိုင်ရန် ကြိုးစားသည့် အဖွဲ့တွင် တစ်ဦး အပါအဝင် ဖြစ်သည်။

ထိုစဉ်က ဝီလျံဆမ်သည် အငယ်တန်း ဆရာဝန် တစ်ဦးအဖြစ်သာ ရှိသေးပြီး အရှေ့ကီလ်ဘရိုက်ရှိ ဟဲမေးရက်စ် ဆေးရုံတွင် တီဘီကုသဆေးကို သုတေသနပြုခဲ့သည်။ ဝီလျံဆမ်သည် အီဒင်ဘာ့ဂ် တက္ကသိုလ်တွင် သက်ကြီးရွယ်အို ဆေးပညာဆိုင်ရာဘာသာရပ်ဖြင့် ပထမဆုံး ပရော်ဖက်ဆာ
ဘွဲ့ကို ရရှိလာသည်။

ဇွန်လ (၂၉)ရက်နေ့ကမူ ၎င်းသည် ဆေးရုံပေါ်တွင် အေးချမ်းစွာ ကွယ်လွန်
သွားကြောင်း သိရသည်။ ယင်းကွယ်လွန်ကြောင်း သတင်းကို ယခုအခါတွင်မှ မိသားစုက ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းတွင် ဇနီးသည်နှင့်အတူ သားသမီး(၅)ဦး ကျန်နေခဲ့သည်။ (၁၉၅၄)မှ (၁၉၅၇)ခုနှစ်အတွင်း ဝီလျံဆမ် ပါဝင်သော သုတေသန အဖွဲ့သည် စကော့တလန်တွင် တီဘီရောဂါ ခံစားနေရသူ အရေအတွက်ကို ထက်ဝက်ကျော်မျှ လျှော့ချနိုင်ခဲ့သည်။

Planet Myanmar Network
 
အေးချမ်းမွန်.................
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map