<div style='background-color: none transparent;'></div>

Home » » မိဘတာဝန်ကိုထမ်းဆောင်ဖို့ မွေးဖွားလာတယ်လို့ဆိုလိုက်တဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီ

မိဘတာဝန်ကိုထမ်းဆောင်ဖို့ မွေးဖွားလာတယ်လို့ဆိုလိုက်တဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီ


Tuesday, July 30, 2013

ဟောလိဝုဒ်ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသားချောဘရက်ပစ်နဲ့ ညှို့အားပြင်းမင်းသမီး အိန်ဂျလီနာဂျိုလီတို့ကတော့ သူတို့ဟာမိဘတာဝန်တွေကို ထမ်းဆောင်ဖို့ မွေးဖွားလာသူတွေဖြစ်လာတယ် လို့ယုံကြည်နေကြသူတွေဖြစ်တယ်လို့ အမေရိကန်မဂ္ဂဇင်း OK ကဆိုခဲ့ပါတယ်။

ဘရက်ပစ်နဲ့ ဂျိုလီတို့ဟာ လက်ရှိအချိန် မှာ ၁၂ နှစ်အရွယ် မက်ဒေါ့၊ ကိုးနှစ်အရွယ်ပက်၊ ရှစ်နှစ်အရွယ် ဇာဟာရာ၊ ခုနစ်နှစ်အရွယ် ရှီလော့နဲ့ငါးနှစ်အရွယ်နော့နဲ့ ဗီဗီယန်နီအမြွှာစတဲ့ ကလေးခြောက်ယောက်ရှိ နေပြီးမိဘတွေတာဝန်ကို အပြည့်အ၀ထမ်းဆောင်နေကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ နောက်ထပ် က လေးတွေတိုးပွားလာဖို့ ကြိုးစားနေကြတယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။

“သူတို့စုံတွဲဟာ ကလေးတွေနဲ့နေထိုင်ရတာကို အရမ်းစိတ်လှုပ်ရှားနေကြတာပါ။ သူတို့နှစ်ယောက်ဟာ မိဘတာဝန်ကို ထမ်းဆောင်ဖို့မွေးဖွားလာကြ သူတွေဖြစ်တယ်လို့ ခံယူထားပြီး ဒီ့အတွက်လည်းသူတို့ တ ကယ်ပျော်ရွှင်နေကြပါတယ်”လို့ အတွင်းသိတစ်ယောက်က OK မဂ္ဂဇင်းကို ထုတ်ပြောခဲ့ပါတယ်။

“ဘရက်ပစ်နဲ့ ဂျိုလီတို့ဟာ ကလေးတွေအတွက် လိုအပ်မှုတွေဖြည့်ဆည်းပေးရ တာကို အမြဲတမ်းပျော်ရွှင် နေတတ်ကြသူတွေဖြစ်ပြီး သူတို့ကလေးတွေအား လုံးဟာပြင်သစ်က လာသူတွေဖြစ်တယ်လို့ထင်နေကြ ကြောင်းနဲ့ ဘရက်ပစ်ဟာ ကလေးရှစ်ယောက်အထိ လိုချင်နေတယ်”လို့ သူတို့ရဲ့အတွင်းသိက ပြောပြပါ တယ်။

အောင်သုတ
မဇ္ဈိမ


အေးချမ်းမွန်..............
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map