Home »
သတင်း
» ဘောလီးဝုဒ် သရုပ်ဆောင်တွေက အရည်အချင်း ပြည့်ဝတယ်ဆိုသူ ဗန်ဒိန်း =========================================
ဘောလီးဝုဒ် သရုပ်ဆောင်တွေက အရည်အချင်း ပြည့်ဝတယ်ဆိုသူ ဗန်ဒိန်း =========================================

ဟောလီးဝုဒ် စတား ဗန်ဒိန်းသည် အိန္ဒိယနိုင်ငံတကာ ရုပ်ရှင် ဆုပေးပွဲသို့ တတိယ
အကြိမ်မြောက် တက်ရောက်ခဲ့ ပြီး အိန္ဒိယ သရုပ်ဆောင် များကို ချီးကျူး စကား
ဆိုခဲ့သည်။ ထို့အပြင် Luxury Meet Justice ဟောလီး ဝုဒ်ရုပ်ရှင် ဇာတ်ကား၌
ပါဝင် သရုပ်ဆောင်ရန် အရည်အချင်း ပြည့်ဝသည့် အိန္ဒိယ သရုပ်ဆောင်များ အလို
ရှိကြောင်း ပြောကြား ခဲ့သည်။
”အိန္ဒိယ မင်းသား၊ မင်းသမီးတွေ က တကယ်တော်ကြပါတယ်။ အိန္ဒိယက
တိုးတက်တဲ့နိုင်ငံပါ။ ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်ကားတွေ ထဲမှာ အိန္ဒိယ သရုပ်
ဆောင်တွေ ပါဝင်ဖို့ ကမ်းလှမ်းသင့် တယ်။ အခု ကျွန်တော် Luxury Meet Justice
ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတယ်”ဟု အသက် ၅၂ နှစ် အရွယ် ဗန်ဒိန်းက
ပြောကြားသည်။
၎င်းအား မည်သည့် ဘောလီးဝုဒ် သရုပ်ဆောင်ကို
ကြိုက်နှစ်သက်ေ ကြာင်း မေးမြန်းခဲ့ရာ ”ဒါက ဖြေရခက်တဲ့ မေးခွန်းပဲ။ Ferrai ၊
Lamborghini (ဒါမှမဟုတ်) မာစီဒီး ဘယ်ကားကို အ ကြိုက်ဆုံးလဲလို့ မေးတာနဲ့
အတူတူပဲ”ဟု ဗန်ဒိန်းက ပြန်လည် ဖြေကြားခဲ့သည်။
၎င်းသည် ဘောလီးဝုဒ်
ရုပ်ရှင် ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ရန် စိတ်အား ထက်သန်ကြောင်းနှင့်
မင်းသမီး အက်ရှ်ဝါယာ ရိုင်းဘချမ်းနှင့် တွဲဖက် သရုပ်ဆောင် လိုကြောင်း အရင်
ကပြော ခဲ့ဖူးသည်။
အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနား ၌ ၄င်းအား
အော်စကာဆုရ Silver Linings Playbook ဇာတ်ကားဖြင့် ထူး
ချွန်ပြောင်မြောက်မှုဆု ချီးမြှင့်ခဲ့သည်။
သိင်္ဂီဝင်း
အေးချမ်းမွန်
0 comments:
Post a Comment