<div style='background-color: none transparent;'></div>

Home » » ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်

ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်




ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင် နဲ့ တခြားလုပ်ငန်းများရဲ့ မြင်ကွင်းတွေကို
မကြာခင် မြန်မာပြည်တဝန်းကနေ ကြည့်နိုင်ကြတော့မှာပါ။


ဘာကြောင့်လဲလို့ ဆိုတော့ ရန်ကုန်အခြေစိုက် ဗီဒီယိုရိုက်ကူးထုတ်လုပ်တဲ့အဖွဲ့တခုက အဲဒီနေရာကို ရိုက်ကွင်းအဖြစ် ကြာသပတေးနေ့အတွက် တနေ့တာ ငှားရမ်းလိုက်လို့ပါပဲ။

ရိုက်ကွင်းအဖြစ် တနေ့တာ အသုံးပြုခ ကျပ် ငါးသောင်း ပေးရတယ်လို့ ရိုက်ကူးရေးအဖွဲ့မှာ ပါဝင်သူတဦးက ဆိုပါတယ်။
မနက်ကနေ ညနေအထိ ကြာမယ့် ပြင်ဆင် ရိုက်ကူးမှုအတွက် ဒီငွေပမာဏက နည်းပါးလွန်းမနေဘူးလား။
ဗိုလ်ချုပ်ဟောင်းက ဗီဒီယိုလောကသားတို့နဲ့ မိတ်ဖြစ်ဆွေဖြစ်သဘောမျိုး ခွင့်ပြုလိုက်တာလည်း ဖြစ်နိုင်တာပေါ့။
မေလလယ်ပိုင်းက ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းဦးခင်ညွန့်နဲ့ အင်တာဗျူးကို http://www.irrawaddy.org/archives/34854 နဲ့ http://burma.irrawaddy.org/archives/39785 တို့မှာ ဖတ်နိုင်ပါတယ်။

ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်နဲ့အတူ တွဲနေတဲ့ လှလှပပသစ်ခွခြံ၊ ပန်းချီပြခန်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေကိုပါ ဗီဒီယိုရိုက်ကွင်းအဖြစ် သုံးနိုင်မှာဖြစ်လို့ ဒီရှူတင်က အင်မတန် ဟန်ကျပန်ကျ ရှိပါတယ်။

ရန်ကုန်ရဲ့ စိတ်ဝင်စားဖွယ်နေရာတခု ဖြစ်လာတဲ့ ဒီနေရာကို ဗီဒီယိုရိုက်ကွင်းအဖြစ် အသုံးပြုခွင့် ရခြင်းဟာ ဒါ ပထမဆုံးအကြိမ်ပါပဲ လို့ ရိုက်ကွင်းမှာ ပါဝင်သူတဦးက ဆိုပါတယ်။

ရိုက်ကူးတဲ့ ဇာတ်ကားက တိမ်နီလာသမ်းပါလို့၊ ဒါရိုက်တာက မောင်မောင်ဦး (Snow White)၊ ဇာတ်ညွှန်းက ကိုလွင်၊ အဓိက သရုပ်ဆောင်သူများက အောင်ရဲလင်း၊ ၀တ်မှုန်ရွှေရည်တို့ ဖြစ်ပါတယ်။
ပြီးတော့ အထက်က ဓာတ်ပုံမှာ တွေ့ရတဲ့ နှင်းယမုံဦးလည်း ပါဝင်ပါတယ်။

ရိုက်ကွင်းအကြောင်း ပြန်ဆက်ရရင် နေရာငှားရမ်းသူဟာ မင်းသမီး၊ မင်းသားတို့နဲ့ ထိတွေ့နီးစပ်ခွင့်ရခြင်း ဆိုတဲ့ အခွင့်အရေးမျိုး ရကြပါတယ်။

သို့သော်လည်း ဗီဒီယိုရိုက်ကူးရေးအတွက် နေရာငှားရမ်းသူ အများစုက စီးပွားရေးအရ တွက်ခြေကိုက်လွန်းလို့ လုပ်ကြတာ မဟုတ်ပါဘူး တဲ့။
ပြီးတော့ ရိုက်ကွင်းကို ရောက်လာသူက အင်နဲ့အားနဲ့ပါ။ ရိုက်ကူးရေးအဖွဲ့မှာ လူဦးရေ သုံးလေးဆယ်မက ပါဝင်တတ်တာကြောင့် ရှူတင်တွေ ပြီးသွားရင် ကိုယ့်အိမ်က နွမ်းကြေရှုပ်ပွပြီး ကျန်ရစ်တတ်ပါတယ် လို့ ဗီဒီယိုလောကသားတဦးက ရှင်းပြပါတယ်။


နှင်းယမုံဦး (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)

ဧရာဝတီ
 
အေးချမ်းမွန်..............
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map