<div style='background-color: none transparent;'></div>

Home » » စင်ကာပူက မီလီယံနာဖြစ်ဖို့ အမြန်ဆုံးဆိုပဲ

စင်ကာပူက မီလီယံနာဖြစ်ဖို့ အမြန်ဆုံးဆိုပဲ



လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ကာလတုန်းက စင်ကာပူနိုင်ငံဟာ မီလီယံနာ အရေအတွက် အတော်လေး နည်းပါးသေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မီလီယံနာလို့ ခေါ်တဲ့ သူဌေးအများစုဟာ စင်ကာပူမှာ ရှိနေပြီး မကြာသေးခင်က ဘာကလေဘဏ်ရဲ့ ချမ်းသာ ကြွယ်ဝမှု ဆိုင်ရာ စာရင်းမှာ ဖော်ပြချက်များအရ စင်ကာပူဟာ လက်ရှိ ကမ္ဘာပေါ်မှာ ချမ်းသာကြွယ်ဝမှုနှုန်း အမြန်ဆုံးနှုန်းနဲ့ ခရီးဆက်နေတယ်လို့ သိရပါတယ်။ ဘာကလေဘဏ်ဟာ ကမ္ဘာပေါ်က ချမ်းသာကြွယ်ဝမှု အများဆုံးလူ ၂,၀၀၀ကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပြီး သူတို့တစ်ဦးချင်းစီရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပျမ်းမျှ တစ်ယောက်ချင်းစီ အတွက် ၁.၅ ဘီလီယံလောက် ရှိတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ထူးခြားတာ တစ်ခုကတော့ အဲဒီ အချမ်းသာဆုံး လူ ၂,၀၀၀ထဲက ၅၀၀ကျော်ဟာ အာရှနိုင်ငံတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စင်ကာပူက လုပ်ငန်းရှင်တွေ ဖြစ်ကြောင်း စာတမ်းမှာဖော်ပြထားသလို အဲဒီ လုပ်ငန်းရှင်တွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ တစ်ဦးပိုင် ရင်းနှီးမြှပ်နှံမှုတွေက ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် စင်ကာပူ လုပ်ငန်းရှင်တွေရဲ့ ၆၁ ရာခိုင်နှုန်းဟာ ရရှိလာတဲ့ အကျိုးအမြတ်တွေကို စုဆောင်းခြင်းနဲ့ ပြန်လည် ရင်းနှီးမြှပ်နှံမှုများ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၁၆ ရာခိုင်နှုန်းလောက်ကတော့ ခရီးသွားလာ လည်ပတ်ရေးနဲ့ လူမှုလုပ်ငန်းဆောင်ရွက်ချက်တွေမှာ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီး ၇ ရာခိုင်နှုန်းလောက်သော လူချမ်းသာများက ကား၊ ကျောက်မျက်ရတနာနဲ့ ပစ္စည်းဝယ်ယူစုဆောင်းမှုများ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

Ref : http://www.forbes.com/sites/neerjajetley/2013/07/08/singaporeans-are-the-fastest-in-the-world-to-become-millionaires/


အေးချမ်းမွန်............
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map