ီဗိုလ်ချုပ်အောင်ဆန်း ဆိုသည်မှာ တိုင်းပြည်၏ လွတ်လပ်ရေးဖခင် ၊ အမျိုး
သားခေါင်းဆောင်ကြီး ၊တပ်မတော်၏ ဖခင် တိုင်းပြည်အတွက်လွတ်လပ်
ရေးကြိုးပမ်း ရင်း သက်ကို ပေးသွားခဲ့ရသည်မှာ သမိုင်းသက်သေဖြင့်
ထင်ရှားခဲ့သည်မှာ မငြင်းနိုင်သော အရာတခုဖြစ်လေသည်--
ဖခင်အောင်ဆန်းကြိုးပမ်းကာ လွတ်လပ်လာသော မြန်မာပြည်အား ခေတ်
အဆက်ဆက် ဦးဆောင်ဦးရွတ်ပြုသူများ၏ကော
စားနေရသော တိုးတက်မှု နောင့်နေးခဲ့သည့် အသီးအပွင့်ပင်ဟု ဆိုရလျင်
မမှားသောသမိုင်းတခု ဖြစ်လိမ့်မည်။
လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက် ခေါင်းဆောင်များ၏ ရင်သွေးများ
သည်လည်း မျိုးမစစ်လို့ပင်ပြောရမည်လာ
တိုင်းပြည်တိုးတက်ရေး အခန်းကဏ္ဍများတွင် စိတ်မ၀င်စား ဖခင်၏ အရှိန်
အ၀ါများဖြင့် မိမိအကျိုးစီးပွါးများကို လုပ်ကိုင်ခဲ့သည်မှာ သမိုင်းထင်ရှားပင်
ဖြစ်ပါသည်
သို့သော်
အောင်ဆန်းမျိုးဆက် တခုသည် ဖခင်အရှိန်အ၀ါကို မိမိ ကိုယ်ကျိုးစီးပွါးဖြစ်
အသုံးမပြု ၊ ၁၉၈၈ မှသည် ၂၀၁၀ ခုနစ်အထိ နေအိမ်အကျဉ်းကျသည်မှ
တဖန် အမျိုးမျိုးသော နိုင်ငံရေးကံကြမ္မာကို အန်တု ကာ အောင်ဆန်းစိတ်
ဓါတ်ကို ခံယူခဲ့ပါသကား
အေးချမ်းမွန်
မည်သည့် နိုင်ငံရေးပါတီဝင်မှမဟုတ်ပါ
အောင်ဆန်းနင့် အောင်ဆန်းမျိုးဆက်ကို လေးစားသဖြင့် ဂုဏ်ပြုရေးသား
ခြင်းဖြစ်သည်။
အေးချမ်းမွန်...................


0 comments:
Post a Comment