‘ဘိန်းဖြူ၏ ခေါင်းကိုင်ဖခင်ကြီး’ ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ရည်ညွှန်းခံရသူ ရွှေတြိဂံဒေသ၏ နာမည်ကျော် ဦးလော်စစ်ဟန်မှာ ဇူလိုင်လ ၆ ရက်နေ့ (စနေနေ့) ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် တာမွေမြို့နယ် မွန်မြတ်မေတ္တာ အိမ်ရာရှိ နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင် များနှင့် ရင်းနှီးသူများက ပြောကြားသည်။
ကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိပြီဖြစ်သော ဦးလော်စစ်ဟန်မှာ ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် နာမည်ကျော်ကြားခဲ့သော ကွမ်းလုံ ရက်လေးဆယ် တိုက်ပွဲတွင် ကွန်မြူနစ် တပ်များကို မြန်မာအစိုးရ ဘက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
ယင်းအပြင် ဗမာပြည် ကွန်မြူနစ်ပါတီကို ပထမဆုံး ပုန်ကန် ခွဲထွက်ခဲ့သော ဦးဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရရှိအောင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်သည်။
ကွမ်းလုံ ရက် လေးဆယ် တိုက်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည့်တိုင် ၁၉၇၃ ခုနှစ်တွင် တောခိုခဲ့ပြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော SSA နှင့် ပူးပေါင်းခဲ့သူလည်း ဖြစ်သည်။
ဦးလော်စစ်ဟန်မှာ ၁၉၇၃ ခုနှစ်တွင် ထိုင်းအစိုးရ၏ ဖမ်းဆီးခံခဲ့ ရပြီးနောက် မြန်မာနိုင်ငံသို့ လွှဲပြောင်း ခံခဲ့ရကာ နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ် ချမှတ်ခံရသည့်တိုင်အောင် ၁၉၈၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့
ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို ယခင် တပ်မတော်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး ရယူအောင် ဆောင်ရွက်ပေးခဲ့အပြီးတွင် ဦးလော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင်မှာ အေးရှားဝေါလ် အမည်ဖြင့် အကျိုးအမြတ် ကြီးမားသည့် ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း၊ လေကြောင်း လိုင်း ပြေးဆွဲခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းကြီးများ စသည့် ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ကိုင်ခွင့် ရရှိခဲ့သူဖြစ်သည်။
ကွယ်လွန်ချိန်တွင် သားသမီး ကိုးဦးနှင့် မြေး ၁၆ ဦး ကျန်ရစ်ခဲ့သော ဦးလော်စစ်ဟန်၏ ဈာပနကို ယူနန် သုသာန်၌ ပြုလုပ်မည် ဖြစ်သည်။
အေးချမ်းမွန်


0 comments:
Post a Comment