<div style='background-color: none transparent;'></div>

Home » » နှလုံးနှင့်ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်များ

နှလုံးနှင့်ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်များ



(၁) တည်နေရာ
နိုင်ငံတော်သီချင်းဆိုတဲ့အခါ လက်ယာလက်ကို ဘယ်လက်ရင်အုံ နှင့်ကပ်ပြီး အရိုအသေပြုကြပါတယ်။ ပန်းချီပုံတွေမှာ နှလုံးကို ဘယ်ဘက် ရင်အုံမှာ ထည့်ဆွဲတတ်ကြပါတယ်။ တကယ်တော့ နှလုံးဟာ ရင်ခေါင်းရဲ့ ဘယ်ဘက်အစွန်မှာရှိ တာမဟုတ်ဘဲ အလယ်တည့်တည့်ရင်ညွန့်ရိုးရဲ့ ဘယ် ဘက်မှာမဆိုစလောက် ကလေးသာ ရှိ ပါတယ်။
(၂) နှလုံးခုန်ခြင်း
နှလုံးခုန်တာဟာ ဦးနှောက်ရဲ့ ခိုင်းစေခြင်းကြောင့် မဟုတ်ပါဘူး။ နှလုံးရဲ့ SA node လို့ခေါ်တဲ့အစိတ် အပိုင်းဟာ ပြင်ပစေခိုင်းမှုမပါဘဲ အလုပ်လုပ်ခြင်းဖြစ်ပြီး နှလုံးတစ်ချက် ခုန်ခြင်းဟာ SA node က အစပြု ပါတယ်။ ဦးနှောက်ဟာ နှလုံးခုန် မြန်ခြင်း၊ နှေးခြင်းဖြစ်အောင်သာ လုပ်ဆောင်နိုင်ပါတယ်။
(၃) နှလုံးအစားထိုးခြင်း
နှလုံးအစားထိုးလဲလှယ်တာဟာ ဆရာဝန်ကော၊ လူနာအဖို့ပါ သက် သာလှတဲ့လုပ်ငန်းတစ်ခုတော့ မဟုတ် ပါဘူး။ နှလုံးအလှူရှင်ရှားပါးမှု၊ ခွဲစိတ် ပညာခက်ခဲမှု၊ ခွဲစိတ်ချိန်ကြာ မြင့်မှု တို့ကြောင့် ဆရာဝန်နှင့်လူနာများအဖို့ ကြီးကျယ်တဲ့ခွဲစိတ်မှုဖြစ်ပါတယ်။ သို့သော် နှလုံးအစားထိုးခွဲစိတ်မှုဟာ အောင်မြင်မှုအလွန်ရရှိတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ လူငါးယောက် နှလုံးအစားထိုးလျှင် လေးယောက် အသက်ရှည်ပါတယ်။
(၄) နှလုံးဖြစ်ပေါ်ခြင်း
ကလေးရဲ့နှလုံးဟာ မီးဖွားပြီး အပြင်ရောက်မှခုန်တယ်လို့ထင် တတ် ကြပါတယ်။ တကယ်တော့ သန္ဓေ တည်ပြီး (၂၂) ရက်မြောက်နေ့ က တည်းကနှလုံးစခုန်ပါတယ်။ သွေး လည်ပတ်မှု စတင်လုပ်ဆောင်ပါတယ်။

သီဟ
Source:discovery
Health Updates Journal
Vol.2, No.27

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map