<div style='background-color: none transparent;'></div>

Home » » အမှိုက်ပုံထဲက ရွှေမင်းသမီး

အမှိုက်ပုံထဲက ရွှေမင်းသမီး



အာဂျင်တီးနားမြို့တော် ဆင်းရဲသားရပ်ကွက်တစ်ခုက ကလေးမလေးတစ်ယောက်ဟာ ညနေကျောင်းဆင်းပြန်တိုင်း တွန်းလှည်းလေးတစ်ခုကို တွန်းပြီး အမှိုက်လိုက်ကောက်ခဲ့တယ်။
တစ်နေ့မှာ အမှိုက်ပုံထဲက သူမဟာ ပုံပြင်စာအုပ်တစ်အုပ်ကို ကောက်ရခဲ့တယ်။ အဲဒီစာအုပ်လေးဟာ သူမအတွက် အဖိုးတန်ရတနာပါပဲ။ အိမ်ပြန်ရောက်တော့ မီးရောင်မှိန်မှိန်အောက်မှာ ပုံပြင်စာအုပ်ကို လှန်လှောရင်း သူမတွေးနေတယ်။
သူမဟာ ပုံပြင်စာအုပ်ကို ဖတ်ရင်းစိတ်လှုပ်ရှားသွားတယ်။ သူလည်းပဲ ဆင်းရဲတဲ့ စင်ဒရဲလားလေးလို မင်းသားလေးနဲ့ တွေ့ဆုံပြီး ပျော်ရွှင်တဲ့ဘ၀ကို ရနိုင်ပါ့မလား။
အဲဒီနောက် သူမဖခင်က “တန်ဖိုးရှိတဲ့ အရာတွေကို ပိုကောက်ရအောင် သူဌေးရပ်ကွက်ထဲကို သမီးသွားကြည့်သင့်တယ်” ...လို့ပြောတယ်။
အဲဒီနေ့ညနေခင်းမှာ အမှိုက်ပုံးထဲက အမှိုက်တွေကို သူမဂရုတစိုက် လှန်လှောနေခဲ့တယ်။ ရုတ်တရပ် သူမကို တစ်ယောက်ယောက်က တိုက်ချလိုက်တယ်။ လဲကျရာက သူမကုန်းရုန်းထချိန်မှာ သူမရှေ့က လူတစ်ယောက်ရပ်နေတာကို တွေ့လိုက်တယ်။
အဲဒီလူက ရုပ်ရည်ချောမောခန့်ညားပြီး အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ထားတယ်။ သူမအမှား မဟုတ်ခဲ့ပေမယ့် အဲဒီလူကို “ဆောရီး” လို့ဆိုပြီး သူမအရင်တောင်းပန်မိလိုက်တယ်။ ဒါပေမယ့် အဲဒီလူဟာ ဒေါသတကြီးနဲ့ နှာခေါင်းကို လက်နဲ့ပိတ်ပြီး သူမကိုအော်ဟစ်လိုက်တယ်။
“ ဘယ်က အမှိုက်ကောက်တဲ့ကောင်မလဲ၊ သွား.....မြန်မြန်ထွက်သွား”
ဒီစကားတစ်ခွန်းက သူမရင်ထဲကို ပြောမပြနိုင်တဲ့ခံစားမှုတွေ နဲ့ ခံစားသွားစေခဲ့တယ်။ တွန်းလှည်းကို အမြန်တွန်းပြီး နေရာကနေ သူမပြေးထွက်ခဲ့တယ်။
အဲဒီခဏ စင်ဒရဲလားမင်းသမီးရဲ့ အဖြစ်အပျက်ဟာ ပုံပြင်စာအုပ်ထဲမှာပဲရှိကြောင်း သူမသဘောပေါက်နားလည်လိုက်တယ်။
အဲဒီနောက်မှာတော့ ဘာမင်းသားကိုမှ သူမစိတ်ကူးမရင်တော့ဘူး။ ကိုယ့်အားကိုကိုးမယ်ဆိုတဲ့ အသိစိတ်ကို ရသွားတယ်။ ဆင်းရဲခြင်းဟာ တစ်ခဏသာဖြစ်ပြီး ပျော်ရွှင်တဲ့ဘ၀ကို တစ်နေ့ပိုင်ဆိုင်ရမယ်လို့ သူမမျှော်လင့်ခဲ့တယ်။
တစ်နေ့မှာတော့ ထုံးစံအတိုင်း သူမအမှိုက်ကောက်နေတုန်း အမျိုးတစ်မီးတစ်ဦး က သူမကို လှမ်းခေါ်လိုက်တယ်။
“ မိန်းကလေး ...မင်းမော်ဒယ်လ်ဂဲလ် လုပ်ချင်သလား”
အဲဒီအမျိုးသမီးက အာဂျင်တီးနားရဲ့ နာမည်ကြီး ဆွဲကြိုးဒီဇိုင်းနာ Marina Gonzalez ဖြစ်တယ်။
Marina ရဲ့ပံ့ပိုးမှုကြောင့် သူမဟာ လေ့ကျင့်ရေးစတိတ်စင်ပေါ်ရောက်သွားခဲ့တယ်။ ကြိုးစားအားထုတ်မှု၊ လုံ့လတွေဟာ သူမဘ၀ကို ပြောင်းလဲစေခဲ့တယ်။ ပထမအကြိမ်လုပ်တဲ့ ဖျော်ဖြေရေးပွဲမှာတင် လူအများရဲ့ အသိအမှတ်ပြုတာကို ခံရတယ်။
(၂၀၀၈) ခုနှစ် မော်ဒယ်ပြိုင်ပွဲမှာ အာဂျင်တီးနားက လက်ရွေးစင်ပေါင်း(၁၀၀၀) ကျော်ကို အောင်နိုင်ပြီး သူမ အနိုင်ရဗိုလ်စွဲသွားခဲ့တယ်။ နာမည်ရ အောင်မြင်လာတဲ့ သူမကို သူဌေးသားတွေ လာရောက်ပိုးပန်းကြတယ်။ ဒါတွေ အားလုံးကို သူမငြင်းပယ်ခဲ့ပါတယ်။
သူမနာမည်ကတော့ Daniela Cott ဖြစ်ပါတယ်။
“ ဒီအချိန်မှာ ကျွန်မအလုပ်ချင်ဆုံးကတော့ ကျွန်မရဲ့အောင်မြင်မှုနဲ့ ဆင်းရဲကြပ်တည်းတဲ့ အမှိုက်ကောက်သူတစ်ချို့ရဲ့ဘ၀ကို မြှင့်တင်ပေးဖို့ပါပဲ၊ နောက်ပြီး မိန်းကလေးအချို့ကို ကျွန်မမှာချင်ပါတယ်။ ကိုယ့်ဘ၀ မျှော်လင့်ချက်တွေကို “မင်းသား” ရဲ့ ကိုယ်ပေါ်မှာ ပုံမအပ်ထားပါနဲ့။ ကိုယ့်အားကိုကိုးပြီး ကိုယ့်ကိုကိုယ် ယုံကြည်အားထားမှ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ဘ၀ကို ရနိုင်မှာဖြစ်ပါတယ်”။ ။

Nine Nine Sanay

ZinYaw
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map