ခရီးသည် ခြောက်ဦး သေဆုံးခဲ့ကာ လူ ၁၈၀ ကျော် ဒဏ်ရာ ရရှိခဲ့သော ဇူလိုင်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆန်ဖရန်စစ္စကို လေဆိပ် လေယာဉ် ပျက်ကျမှုအတွက် ကိုရီးယား လေကြောင်းလိုင်း Asiana နှင့် အဆိုပါ လေယာဉ်ကို ထုတ်လုပ်ခဲ့သည့် ဘိုးအင်း ကုမ္ပဏီတို့ကို ခရီးသည်များက တရားစွဲဆိုဖွယ်ရှိကြောင်း အမေရိကန် တရားရေး မှတ်တမ်း တစ်ခုကို ကိုးကားလျက် Reuters သတင်း တစ်ရပ်က ဆိုသည်။
ယခုအခါ အမေရိကန် အမျိုးသား သယ်ယူ ပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့ က လေယာဉ် ပျက်ကျ ရခြင်း၏ အကြောင်းရင်းကို စုံစမ်း စစ်ဆေးလျက် ရှိသည်။
ပျက်ကျသည့် လေယာဉ်ကို ထုတ်လုပ်သည့် ဘိုးအင်းကုမ္ပဏီ ရုံးစိုက်ရာ ချီကာဂိုမြို့တော်၏ တရားရုံး တွင်လည်း ယင်းလေယာဉ် ကုမ္ပဏီကို တရားစွဲဆိုလိုက်ပြီဖြစ်ကြော
ခရီးသည်များက တောင်းဆိုထားသည့် အချက်များမှာ လေယာဉ် ဒီဇိုင်း၊ ထုတ်လုပ်ပုံနှင့် လုံခြုံရေး အတွက် စီမံ ဆောင်ရွက်ချက်များဖြစ်ပြီး ပြုပြင် ထိန်းသိမ်းခြင်း မှတ်တမ်းများနှင့် သက်သေ အထောက်အထား များ ဖြစ်သည်ဟု ၎င်းတို့၏ ရှေ့နေများက ဆိုသည်။
အလားတူ တောင်းဆိုမှုများကို ဘိုးအင်း လေယာဉ် ကုမ္ပဏီကိုသာမက Asiana လေကြောင်းလိုင်း ကိုလည်း တောင်းဆိုထားပြီး လေယာဉ် အစိတ်အပိုင်းများကို ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း အလားတူ ဖြေရှင်းချက် တောင်းထားကြောင်း ဥပဒေ အကျိုးဆောင် လုပ်ငန်းက ထုတ်ပြန်ထားသည်။
ယင်းသို့ တရားစွဲဆိုရန် ခရီးသည်များက စီစဉ်နေသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဘိုးအင်းနှင့် Asiana လေကြောင်းလိုင်းများက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြသည်။
ဇူလိုင် ၁၅ ရက်နေ့က တောင်ကိုရီးယား လေကြောင်းလိုင်း Asiana လေကြောင်းလိုင်းကို ပျက်ကျစဉ် က ခရီးသည်များအဖြစ် စီးနင်း လိုက်ပါလာခဲ့သည့် ကိုရီးယား အမျိုးသမီး တစ်ဦးနှင့် သူမ၏ သားတို့က ကယ်လီဖိုးနီးယားတွင် တရားစွဲဆိုခဲ့သေးသည်။
အဆိုပါ ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွင် တရားလိုများက လေကြောင်း လိုင်း ဝန်ထမ်းများသည် အမှားအယွင်းများစွာ လုပ်ခဲ့ပြီး၊ အခင်းဖြစ်ပြီးနောက် ထိမ်ချန်ခြင်းများ ပြုလုပ်သည်ဟု စွပ်စွဲထားခြင်း ဖြစ်သည်။
ခရီးသည်များ စုပေါင်း တရားစွဲဆိုခဲ့ကြရာတွင် ခန္ဓာကိုယ် ထိခိုက်ရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရရှိခြင်းနှင့် စီးပွားရေးအရ နစ်နာမှုတို့ အတွက် လျော်ကြေး ဒေါ်လာ ငါးသန်း ရယူလိုကြခြင်း ဖြစ်ပေသည်ဟု ဥပဒေ အကြံပေး အဖွဲ့က ဆိုထားသည်။
အင်ဂျင် နှစ်လုံးပါသော ဘိုအင်း ၇၇၇ သည် လုံခြုံရေး အစီအမံ ကောင်းမွန် သည့် မှတ်တမ်းများရှိသော လေယာဉ် အမျိုးအစားဖြစ်ကာ လေကြောင်း လိုင်းကြီး အများစုက အသုံးပြုကြသည်။
Asiana လေကြောင်းလိုင်းသည် တောင်ကိုရီးယား လေကြောင်းလိုင်းများတွင် ဒုတိယ အကြီးဆုံး လေကြောင်းလိုင်း ဖြစ်သည်။
ပျက်ကျခဲ့သော လေယာဉ်ပေါ်တွင် တရုတ် ခရီးသည် အများဆုံး ပါဝင်ကာ တရုတ် ၁၄၁ ဦး၊ တောင်ကိုရီးယား ၇၇ ဦး နှင့် အမေရိကန် ၆၁ ဦးတို့ ပါဝင်သည်ဟုလည်း အေဂျင်စီ သတင်းများက ဖော်ပြထားသည်။
အေးချမ်းမွန်


0 comments:
Post a Comment