<div style='background-color: none transparent;'></div>

Home » » “သင်္ကြန်ပိတောက်၊သင်္ကြန်ရနံ့၊ သင်္ကြန်အပျော်တွေထဲက စိုးမြတ်နန္ဒာတို့ သားအမိ”

“သင်္ကြန်ပိတောက်၊သင်္ကြန်ရနံ့၊ သင်္ကြန်အပျော်တွေထဲက စိုးမြတ်နန္ဒာတို့ သားအမိ”



စိုးမြတ်နန္ဒာက ဆိုင်ကိစ္စတွေကြောင့် မတ်လ ၃၁ရက်နေ့က ဘန်ကောက်ကို သွားခဲ့ပြီး သင်္ကြန်မတိုင်ခင် ပြန်ရောက်မှာဖြစ်ကြောင်း ပြောပါတယ်။

မတ်လ ၃ဝရက်နေ့ မိုင်ဒါ ကွင်းမှာ ကျင်းပခဲ့တဲ့စိုးသူရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှု အားပေးချင်လို့ ဘန်ကောက်သွားဖို့ တစ်ရက်နောက်ကျပြီးမှ သွားခြင်းဖြစ်ကြောင်း သိရပါ တယ်။

ဧပြီလထဲမှာတော့ သူ့ရဲ့ Karat Silk ပိုးထည်ဆိုင် ကြော်ငြာရိုက်ဖို့ရှိကြောင်း ပြောပါတယ်။ မိသားစုက တစ်ဖက်၊ အနုပညာကတစ်ဖက်၊ ဆိုင်ကတစ်ဖက်နဲ့မို့ အချိန် ကို ဘယ်လိုမျှပေးဖြစ် သလဲ မေးတော့ စိုးမြတ်နန္ဒာက
“အကုန်လုံးတော့ ခွဲခြားထားတာပါပဲ။ အနုပညာဘက်ကိုတော့ နည်းနည်းလျော့တာပေါ့။ တစ်လကို တစ်ကား နှစ်ကားလောက်တော့ ရိုက်ဖြစ်ပါတယ်။ နယ်ထွက်ရိုက်တဲ့ ဇာတ်ကားလေးတော့ ရှောင်လိုက်တာပါပဲ။ ရန်ကုန်မှာ ရိုက်တဲ့ဇာတ်ကားဆိုရင်တော့ ဒါဒါ့အတွက် ကောင်းမယ် ထင်တဲ့ ဇာတ်ကားဆိုရင် ရိုက်ပါတယ်”လို့ ပြောပါတယ်။

စိုးမြတ်နန္ဒာကဒီနှစ်သင်္ကြန်ကိုမန္တလေးက Alpine မဏ္ဍပ်မှာ ဖြတ်သန်းမှာဖြစ် ပြီး မြတ်သောမောင် ကို လိုက်ပို့ပေးချင်တာကြောင့် မန္တလေးသွားဖြစ် မှာဖြစ်ကြောင်း ပြော ပါတယ်။

စိုးမြတ်နန္ဒာက သင်္ကြန်မှာ ရေစိုတာ သဘောမကျပေမယ့် သားဖြစ်သူ မြတ်သောမောင် ကတော့ သင်္ကြန်မှာ ရေကစားရတာ တအားပျော်ကြောင်းကို
“ဒါဒါက သင်္ကြန်ကို နည်းနည်းပျင်းတတ်တယ်။ ကိုယ်က သင်္ကြန်မှာအပိုကြီးသက်သက်ပေါ့။ သီချင်းလည်း မဆိုတတ်ဘူး။ ကလည်းမကတတ် တဲ့အခါကျတော့ သင်္ကြန်ဆိုရင် ရေစို တာလည်း မကြိုက်တော့ များသောအားဖြင့် ဘယ်မှမသွားတတ်ဘူး။ အလုပ်လည်း မရှိဘူးလေ။ အခုကျတော့ ကလေးကြီးလာတော့ လိုက်ပြမလို့ အပြင်ထွက်ဖြစ် တာပါ။

မြတ်သောမောင်ကတော့ ရေကစားရတာလည်း ကြိုက်တယ်။
သင်္ကြန်ဆိုရင်တော့ သူတို့မောင်နှမတွေက မျောက်ရှုံးအောင် ဆော့ကြတာပဲ။ ဒီနှစ်တော့ သူ့ အတွက် ထူးထူးခြားခြားလေး ဖြစ်လိမ့်မယ်။ နယ်လိုက်ပို့တာဆိုတော့ မဏ္ဍပ် အကြီးကြီး တွေသူမြင်ရမှာပေါ့”လို့ပြောပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ကို မြန်မာဆန်ဆန်လေးပဲ အားလုံးအန္တရာယ် ကင်းကင်းလေး တစ်ယောက် နဲ့ တစ်ယောက် စည်း ကမ်းရှိရှိနဲ့ ဖြတ်သန်းစေချင်ပါတယ်လို့ စိုးမြတ်နန္ဒာ က ပြောပါတယ်။


ခိုင်ဝေလွင်
ဓါတ်ပုံ - အေးဇော်မိုး (စက်မှု)
ဖြိုးမိုးသိင်္ဃ စတူဒီယို
popularmyanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map