<div style='background-color: none transparent;'></div>

Home » » မိခင်ဖြစ်သူ သေခါနီးဖြစ်နေသဖြင့် ဖခင်က သားသမီးများကိုသတ်ကာ မိမိကိုယ်ကို အဆုံးစီရင်

မိခင်ဖြစ်သူ သေခါနီးဖြစ်နေသဖြင့် ဖခင်က သားသမီးများကိုသတ်ကာ မိမိကိုယ်ကို အဆုံးစီရင်

မိခင်ဖြစ်သူ သေအံ့မူးမူး ဝေဒနာခံစားနေရချိန်တွင် ဖခင်ဖြစ်သူက သားသမီးများအားလုံးကို သတ်ပစ်လိုက် သည့် ပြစ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အသက် ၃၅ နှစ်အရွယ်ရှိ စီရီ ဖူးလားဆိုသူသည် အသက် ၁၂ နှစ်အရွယ် သားဖြစ်သူ ဆမ်၊ သမီးများဖြစ်သည် ရေဘက်ကာ (၈ နှစ်)၊ ရှားလော့ (၇ နှစ်) တို့အား ဓားဖြင့်ထိုးသတ်ပြီး နောက် သူကိုယ်တိုင် ပေ ၈၀ ခန့်နက်သည့် ချောက်ထဲသို့ ခုန်ချကာ သတ်သေခဲ့သည့် ပြစ်မှုတစ်ခု အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ 
ထိုသို့ ကလေးများကို မသတ်မီ တစ်ရက်အလိုတွင် အိပ်ယာထဲ၌ လဲနေသည့် သေလုမြောပါးဖြစ်နေသော အသက် ၃၄ နှစ်အရွယ်ရှိ မိခင် ရုသ်က “အားလုံး ပျက်စီးသွားပြီ” ဆိုသည့် စာတစ်စောင်ကို ရေးသားခဲ့ကြောင်း၊ ကလေးများ သေဆုံးပြီး ဆွေမျိုးများက နှစ်သိမ့်အားပေးထားရ ကြောင်း သတင်း ရရှိသည်။ ကလေးများအလောင်းကို အသုံးမပြုဘဲ စွန့်ပစ်ထားသည့် မိုင်းတွင်းဟောင်းတစ်ခု အတွင်း ရက်အ တန်ကြာမှ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ 
မောက္ခ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map