လူကုန်ကူးမှု့တိုက်ဖျက်ရေး ကို မူးယစ်ဆေး ၀ါးရောင်းဝယ်မှု
တိုက်ဖျက်ရေးကဲ့သို့ လေးထား ဆောင်ရွက် လာကြရာ မြန်မာပြည်တွင်လည်း
အင်တိုက် အားတိုက် ဆောင်ရွက်လာသည် ကို မီဒီယာမှ တဆင့်တွေ့ရသည်၊
လူကုန်ကူးမှု့ တိုက်ဖျက်ရေးတွင်တာဝန်ရှိသူ အစိုးရ အဖွဲ့အစည်းများမှ
ကျူးလွန်သူများကို ရှာဖွေဖော်ထုတ် အရေးယူခြင်းသာမက
ပြည်သူလူထုကိုလည်း ပူးပေါင်းပါဝင်လာအောင် ပညာပေးခြင်း
လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေရပါသည်။


ပြည်သူလူထုကို လူကုန်ကူးမှု့ တိုက်ဖျက်ရေး လုပ်ငန်းတွင် ပါဝင်ကူညီလာအောင်
ပညာပေး ရာတွင် လူထု ရဲ့ စိတ်နှလုံးကို အမှန်တတကယ် ဆွဲဆောင်နိုင်ရန်
လိုအပ်နေကြောင်း ဝေဖန်ခံေ နရပါသည်။

အဆိုပါ အဓိပ္ပါယ် မရှိတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြေငြာကို ပါရမီကားကွင်း
အနီးမှာ တွေ့ဖူးကြောင်း ရိုက်ကူးသူ ဒါရိုက်တာ
အရည်အချင်းမရှိကြောင်းနှင့် အသစ်ပြန်လည် ရိုက်ကူးသင့်တယ်လို အဓိပတိ
ယာဉ်လိုင်း စီးနေကြ့  ပြည်သူတစ်ဦးက ဝေဖန်ပါသည်။
မြန်မာပြည်က ဒါရိုက်တာများသည် ဆင်ဆာ မရှိတော့ သရဲကား၊စုန်းကားပဲ
ရိုက်တတ်ပြီး၊ မင်းသား မင်းသမီးများသည်လည်း အရှက်မဲ့စွာ ၀တ်စား
သရုပ်ဆောင်လာကြောင်းနှင့် အနုပညာ စွမ်းရည် မပြနိုင်ပဲ ခန္ဓာကိုယ် ပဲ
ပြတတ်ကြောင်း ဝေဖန်နေကြပါသည်။
မြန်မာ့ သားကောင်း
0 comments:
Post a Comment