<div style='background-color: none transparent;'></div>

Home » » အဲပုဂံက အရေးပေါ် ဆိုင်ရာ အစမ်းလေ့ကျင့်မှုများ လုပ်နေ

အဲပုဂံက အရေးပေါ် ဆိုင်ရာ အစမ်းလေ့ကျင့်မှုများ လုပ်နေ



 ဓာတ်ပုံများ- အဲပုဂံ ဖေ့စ်ဘုတ်စာမျက်နှာ

မကြာသေးမီက ရှမ်းပြည်နယ်၊ ဟဲဟိုး လေဆိပ်အနီးမှာ အဲပုဂံ လေကြောင်းက ခရီးသည်တင် လေယာဉ် တစီး ပျက်ကျ မီးလောင်ခဲ့ရာမှာ ဧည့်လမ်းညွှန် တဦး အသက်ဆုံးရှုံးခဲ့ပေမယ့် ကျန်လူအားလုံး အသက် ချမ်းသာရာ ရခဲ့တာ မှတ်မိနေမယ် ထင်ပါတယ်။ 

အဲဒီ ဖြစ်စဉ် နောက်ပိုင်း အခု တွေ့ရတာက အဲပုဂံလေကြောင်းလိုင်းက ၀န်ထမ်းတွေဟာ ထိုင်း အဲဝေး ( TG) စင်တာ ရှိရာ ဘန်ကောက်မြို့မှာ အရေးပေါ် လေ့ကျင့်ခန်းများကို လုပ်ဆောင်နေတာကို အဲပုဂံ 
ဖေ့စ်ဘုတ် စာမျက်နှာမှာ ယမန်နေ့ ဇန်န၀ါရီလ ၈ ရက်နေ့ ညက တင်ထားပါတယ်။

ဒီလို အထွေထွေ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ အစမ်းလေ့ကျင့်မှုတွေကို နှစ်စဉ် လုပ်ဆောင်နေခဲ့ရာ ယခုနှစ်မှာတော့ အဆိုပါ အမျိုးစုံလေ့ကျင့်မှုတွေကို မှတ်တမ်းအဖြစ် ယခုလို မြင်တွေ့ရတာမို့ ဧရာဝတီ က ပြန်လည် မျှဝေ ပေးလိုက်တာပါ။  

ဒီလို လေ့ကျင့်မှုတွေဟာ ခရီးသွားတွေအပေါ် မိမိရဲ့ လေကြောင်းလိုင်းအပေါ် ပိုမို ယုံကြည် စိတ်ချရမှု တွေ တိုးပွားလာစေမှာတော့ အမှန်ပါ။




.
 http://blog.irrawaddy.org/2013/01/blog-post_7241.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map