<div style='background-color: none transparent;'></div>

Home » » ပရိသတ်တွေရဲ့ ဆန္ဒကို မဖြည့်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းနည်းရပါကြောင်း သက်မွန်မြင့်ဖွင့်ဟ

ပရိသတ်တွေရဲ့ ဆန္ဒကို မဖြည့်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းနည်းရပါကြောင်း သက်မွန်မြင့်ဖွင့်ဟ

ကျရာဇာတ်ရုပ်ကို မခိုမကပ်ဘဲ အနုပညာလောကမှာ ခြေလှမ်း မှန်မှန် နဲ့ လျှောက်လှမ်းလာခဲ့သူက တော့ ၂ဝ၁ဝရဲ့ အကယ်ဒမီဆုရှင် သက်မွန်မြင့် ပဲဖြစ်ပါတယ်။ ပရိသတ် တွေအတွက် ပျော်စရာတွေ ပေးချင်ခဲ့ပါတယ်။ အခွင့်အရေးလည်းရခဲ့ပြီး ကြိုးလည်း ကြိုးစားခဲ့ပေမယ့် ၂ဝ၁၁ အကယ်ဒမီ ဆုနဲ့ လွဲခဲ့ရတဲ့အတွက် မျှော်လင့်ပေးခဲ့တဲ့ ပရိသတ်တွေအတွက် စိတ် မကောင်းဘူးလို့ လည်း ပြောပြခဲ့ပါတယ်။ ၂ဝ၁၃ နှစ် သစ်ထဲမှာ ပရိသတ်တွေအတွက် ဒီထက်ပိုပြီး ကြိုးစားမှာဖြစ်ပြီး ကားအရေအတွက် ကန့်သတ် ထားခဲ့ရပေမယ့် အခွင့်ရေး အားလုံးပရိသတ်တွေ အတွက်ပဲ လို့လည်း ပြောပြခဲ့ပါတယ်။

သက်မွန်မြင့်က ၂ဝ၁၂ ခုနှစ်မှာ အကယ်ဒမီရပြီး ၂ဝ၁၂ခုနှစ်ထဲမှာပဲ အကယ် ဒမီဆုနဲ့လည်း လွဲခဲ့ရတဲ့အတွက် အနုပညာလမ်းပေါ်မှာ ကြုံတွေ့ ခဲ့ရတဲ့ အခက်ခဲပြဿနာ တွေကို သက်မွန်မြင့် ဘယ်လိုစိတ်မျိုး ထားပြီးဖြတ် သန်းဖြစ်လဲလို့ မေးကြည့်တဲ့အခါ..”သက်မွန်အတွက် ၂ဝ၁၂က ၂ဝ၁၁ထက် စာရင် ပိုပြီးတော့ ကံကောင်းတယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ ၂ဝ၁၂နှစ် ကုန်မှာ အကယ်ဒမီဆုနဲ့ လွဲတာကျတော့ စိတ်မကောင်းဘူး။ ကိုယ့် ပရိသတ်တွေ ကို ပျော်ရွှင်စေချင်ပါတယ်။

အခွင့်အရေးလည်းရ ခဲ့ပါတယ်။ ကြိုးလည်း ကြိုးစားခဲ့ပါတယ်။ အားလုံးရဲ့ အသိအမှတ်လည်း ပြုခံရရဲ့သားနဲ့ မရတော့ ကိုယ့်ပရိသတ်တွေရဲ့ ဆန္ဒကို မဖြည့်ပေးနိုင်ခဲ့ဘူး။ တအား စိတ် မကောင်းဖြစ်ပြီး ဝမ်းနည်းတယ်။ ဒါပေမဲ့ သူနဲ့ လွဲပေမယ့် အားပေးတဲ့ ပရိသတ်၊ ချစ်ပေးတဲ့ ပရိသတ်တွေကြောင့် ကြိုးစားဖို့ပိုပြီး အားဖြစ်စေ ပါတယ်။ အကယ်ဒမီဆုကို မပိုက် နိုင်ခဲ့ပေမယ့် ကျေနပ်တယ်။ ဘာလဲ ဆိုတော့ ပရိသတ်တွေက သက်မွန် ညံ့လို့မရတာမဟုတ်ဘူးဆိုတာ သိကြ တယ်ဆိုတော့ ကျေနပ်တယ်။ ရွှေစင်ရုပ်တုကို မပိုက်ရပေမယ့် ပရိသတ်တွေပေးတဲ့အကယ်ဒမီဆုကို ရခဲ့ပြီးပါပြီဆိုတော့ ကျေနပ်တယ်” လို့ ပြောပြခဲ့ပါတယ်။ အနုပညာရှင် တိုင်းက အနုပညာကို အဓိပ္ပာယ် အမျိုးမျိုးနဲ့ ခံယူထားကြပါတယ်။ သက်မွန်ခံယူထားတဲ့ ဖွင့်ဆိုထားတဲ့ အနုပညာရဲ့ အနှစ်သာရအဓိပ္ပာယ် ကိုလည်း ပြောပြပါဦးလို့ မေး ကြည့်တော့..”အမှန်အတိုင်းပြောရရင် ကိုယ်က အနုပညာဆိုတာနဲ့ကို တအားဝေးတယ်။ ချင်းတောင်မှာနေတာ ဆိုတော့ ဒီလောက် အလှမ်းဝေးတော့ ဖြစ်မယ်လို့လည်း မတွေးထားခဲ့ဖူး ဘူး။ ဒီလိုမျိုး ပရိသတ်တွေရဲ့ အနု ပညာအလုပ်တွေနဲ့ ပိုင်ဆိုင်ရမယ်လို့ လည်း မတွေးခဲ့ဖူးဘူး။ ရန်ကုန်ရောက်လာတော့ ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ အဲဒီ ကနေတဆင့် အနုပညာအလုပ်ကို လုပ်ဖို့ စဉ်းစားလာတယ်။ ၁ဝတန်းပြီးခါစ အလုပ်ကလည်း မရှိသေးတော့ လုပ်ရင်ကောင်းမလား ဆိုပြီး မိသားစုတွေနဲ့ တိုင်ပင်တယ်။ ဒီအလုပ်ကကော ငါလုပ်ရင် ငွေလုံလုံလောက် လောက် ရှာနိုင်မှာလား။

မိဘာတွေကို လုပ်ကျွေးနိုင် မှာလား။ မေးခွန်းတွေ မေးလိုက်တော့ ဖြေကြ တယ်။ အနုပညာအလုပ်ဆိုတာ ဝင်ငွေရော၊ ပီတိရော အပြည့်အဝကို ရှာနိုင်သလို၊ ရှာလို့ရတယ် လုပ်နိုင်သလို အခွင့်အရေးရသလို လုပ်ရင် ရတယ်လို့ အားလုံးက ပြောကြတော့။ မိဘတွေကို လုပ်ကျွေးနိုင်ရင်ပြီးတာပဲ ဆိုပြီး ဆုံးဖြတ်ချက်နဲ့ လုပ်တယ်။ တကယ်တမ်းကျတော့ ကိုယ့်အနုပညာ အလုပ်ကို လုပ်လာတဲ့အချိန်မှာ ငွေရှာနိုင်တယ် ဆိုတာမျိုးမဟုတ်ဘဲ ဒီအနုပညာပေါ်မှာ ကိုယ်က တအားစိတ်ကိုနှစ်ထားပြီး ကြိုးစား ခဲ့တော့ သူ့ရဲ့တန်ဖိုးကိုလို့ သိလာတယ်။ ခက်ခက်ခဲခဲနဲ့ သက်မွန် ကြိုးစားခဲ့ရတာ လွယ်လွယ်ကူကူနဲ့ ရတဲ့ အလုပ်တစ်ခုမဟုတ်ဘူး။ အဲဒါကြောင့် ပိုပြီး သူ့ရဲ့တန်ဖိုးကို လေးလေးနက်နက် သိလာတယ်။ ပရိသတ် တွေရဲ့ အချစ်ကို ခံရဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ အဲဒါကြောင့် သက်မွန် အနုပညာကို တအားချစ်သွားတာ”လို့ သူမရဲ့ အနုပညာအပေါ် အဖြူစင်ဆုံး ဝန်ခံချက် နဲ့ ပြောပြခဲ့ပါတယ်။ အနုပညာကို ချစ်သွားပြီလို့ ပြောတဲ့ အကယ်ဒမီ သက်မွန်မြင့်က ရိုက်ကွင်းမှာ ခြေထောက် ထိခိုက်တာတောင် ရိုက်ကွင်း မပျက်တဲ့အပေါ် သူမရဲ့ အနုပညာ ချစ်စိတ်ကိုလည်း ထင်ဟပ်စေပါတယ်။ ဒဏ်ရာနဲ့ပတ်သက်ပြီး မေးကြည့်တော့..”ရိုက်ကွင်းမှာထိသွားတာ။ ကိုနေတိုး နဲ့ တွဲရိုက်တဲ့အခန်းမှာ သူက မု(ဒ်)တအားကိုဝင်ပြီး သရုပ်ဆောင်တဲ့အခါမှာ မျက်ရည်တွေနဲ့ ဆိုတော့ ဘာမှမမြင်ဘဲ လုပ်လိုက်တာ။ သက်မွန် ရဲ့ ခြေထောက်ကို ကန်မိသွားတာ။ အကြောထိသွားတယ်ဆိုတော့ လှေကား အတက်အဆင်းမှာတော့ နာတယ်။ ကျန်တာတော့ ဘာမှမဖြစ်ဘူး။ ဒီခြေထောက် နာတာလောက် ကတော့ နားရတာမှ မဟုတ်တာ။ ကိုယ်က မလာနိုင်ဘူးဆိုရင် ကျန်တဲ့လူတွေ အကုန်ဒုက္ခရောက် သွားမှာပေါ့။ ဒါကြောင့် အိပ်ရာ ရှေ့မှာလဲနေရတဲ့ အချိန်မဟုတ်ရင် သက်မွန်အလုပ်ကို တန်ဖိုးထားတယ်” လို့ပြောပြခဲ့ပါတယ်။ သက်မွန်မြင့်က အခုလောလော ဆယ် နေတိုးနဲ့အတူ “အမုန်းတံတိုင်း” ဇာတ်ကားကို သရုပ်ဆောင် နေ ပါတယ်။

ထူးထူး
popular journal
Share this article :

1 comments:

susan said...

not beauty woman.

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map