<div style='background-color: none transparent;'></div>

Home » » "ရဲတစ်ဦး သေဆုံး သည့်(Red Bull) အချိုရည် ကျွဲရိုင်း သူဌေး ရဲ့ မြေးယာဉ်တိုက်မှု" ထိုင်းမှာ ဝေဖန်စရာ ဖြစ်နေ

"ရဲတစ်ဦး သေဆုံး သည့်(Red Bull) အချိုရည် ကျွဲရိုင်း သူဌေး ရဲ့ မြေးယာဉ်တိုက်မှု" ထိုင်းမှာ ဝေဖန်စရာ ဖြစ်နေ

ထိုင်း နိုင်ငံ တွင် စတ္ထု မြောက် အချမ်းသာ ဆုံး ဖြစ်သည့် ကျွဲရိုင်း (Red Bull) အချို ရည် လုပ်
ငန်း ပိုင် ရှင် ချာလိယို ယိုးဝိဒါ ၏ မြေးဖြစ်သူ အသက် ၂၇ နှစ် အရွယ် ရှိ ဗိုဒါယု ယိုးဝိဒါ သည်

မော်တော် ဆိုင်ကယ် မောင်း နှင် လာသည့် ရဲတပ် ကြပ် ကလန် ပါရာ ဆတ် ကို တနင်္လာ နေ့ 

 နံနက် ၅ နာရီ တွင် ၎င်း မောင်း နှင် လာသည့် အီတလီ နိုင်ငံ လုပ် ဖယ်ရာရီ အမျိုး အစား မော်
တော် ကားဖြင့် ၀င်တိုက် ပြီး နောက် သူ၏ ကားအောက် တွင် မီတာ ၂၀၀ ထိ ပါသွား ကာ

သေဆုံး သွား ခဲ့ သည်။

၎င်းသည် ယာဉ် တိုက်မှု ဖြစ် ပွား ပြီး နောက် ဘန်ကောက် မြို့  ရှိ လူကုံ ထံများ နေထိုင်သည့်
ရပ် ကွက် တွင်း ရှိ သူ ၏ အိမ် ထိ မောင်း နှင့် သွား ခဲ့ ပြီး နောက် ရဲမှုး တစ် ဦး နှင့် တိုင် ပင် ပြီး

ယာဉ်မောင်း သူ ကို အစား ထိုး ခဲ့ သည် ။ နောက် ပိုင်း တွင် သူ ကိုယ် တိုင် မောင်း နှင် လာ

သည် ကို သိရှိ သွား ပြီး နောက် အင်တာ နက် ဘလောက် များ နှင့် လူမှု ကွန်ယက် များ မှ တစ်

ဆင့် ဝေဖန် ကြ ရာမှ ဘန်ကောက် ရဲ ချုပ် Comronwit Toopgrajank ကိုယ်တိုင် ထိုရဲ အရာ

ရှိ တာဝန် မှ ရပ် နား ထား ပြီး စုံစမ်း စစ်မေး မှု များ ပြု လုပ် နေသည်။

ဘန်ကောက် ရဲ ချုပ် က သတင်း ထောက် များ ကို ပြောရာ တွင် ” ရဲ ၀န်ထမ်း က တော့ သေသွား
ပြီ ၊ ကျွန်တော် ဒီအမှု ကို ဒီ အတိုင်း ထား မှာ မဟုတ် ပါဘူး ၊ သူ့  ကို ကျွန်တော် ဆက်ပြီး တော့

လုပ်ဆောင် လို့  မရ တော့ ရင် ၊ ကျွန်တော် အလုပ် က ထွက် မှာ ပါ ၊ သူ တို့  ဘယ်လောက် သြဇာ

ကြီး လဲ ဆိုတာ ဂရု မစိုက် ဘူး ၊ တကယ် လို့  ဒီအမှု ရဲ့  တကယ့် ပုဂ္ဂိုလ် ကို မရရင် လည်း ကျွန်

တော် အလုပ် က ထွက် ပါ့ မယ် ဟု ပြော ခဲ့ သည်။

ယာဉ် တိုက် ခံရသည့် အသက် ၄၇ နှစ် အရွယ် ကလန် ပါရာ ဆတ် မှာ နေရာ တွင် ပင် သေဆုံး
သွား ခဲ့ သည်။

ဗိုဒါယု ယိုးဝိဒါ  ကို အင်္ဂါ နေ့  တွင် ရဲ က ဖမ်းဆီး ခဲ့ ပြီး နောက်   အာမခံ ငွေ ဘတ် ငါး သိန်း
( အမေရိကန် ဒေါ်လာ ၁၆၀၀၀) ပေးဆောင် စေ ပြီး ချက် ခြင်း ပြန် လွှတ် ခဲ့ သည်။

ယိုးဝိဒါ ၏ အဖိုး ဖြစ်သူ  ချာလိယို ယိုးဝိဒါ သည် မတ်လ က အသက် ၈၀ နှစ် အရွယ် တွင် ကွယ်လွန်
သွား ပြီ ဖြစ်သည်။ ၎င်း သည် နိုင်ငံ တကာ ဈေးကွက် သို့  ပင် ထိုးဖောက် နိုင် သည့် ကျွဲရိုင်း အားဖြည့်

အချို ရည် ကို တည် ထောင် ခဲ့ သူ ဖြစ်သည် ။

အမေရိကန် အခြေစိုက် Forbes မဂ္ဂဇင်း ၏ည ခန့် မှန်း ချက် အရ Red Bull အုပ် စုသည် ဒေါ်လာ
၅.၄ ဘီလျှံ ခန့်  ကြွယ် ၀ ချမ်းသား မှု ရှိ ကာ ဆေးရုံ နှင့် အိမ်ခြံ မြေ ရောင်း ၀ယ် ခြင်း များ ကို ပိုင်

ဆိုင်သည်။

ချာလိယို ယိုးဝိဒါ ၏ စီးပွားရေး အင်ပါယာ သည် သြဇာ အာဏာ ရှိ သူများ များ နှင့် ရင်း နှီး သိ ကျွမ်း
သည်။

ဗိုဒါယု ယိုးဝိဒါ ၏ ဖခင် ချာလင်း ယိုဝိဒ သည် ကျွဲ ရိုင်းကုမ္ပဏီ  ၏ လက်ရှိ အမှု ဆောင် အရာ ရှိ
ချုပ် ဖြစ်သည်။

ရဲစခန်း တွင် ၎င်း က ပြောကြား ရာ ဉ် သူသည် စက်ဘီး ကို ရှောင် လိုက် စဉ် ၀င်ရောက် တိုက် မိခြင်း
ဖြစ်သည် ဟု ဆိုသည်။

ထိုင်း လူမျိုးများ က ထိုင်းထောင် များ သည် လူ ချမ်းသာ များ အတွက် မဟုတ် ပဲ ဆင်း ရဲသား များ
အတွက် ဟု ဆို ကာ ဝေဖန် ကြ ကြ ပြီး ၊ လူမှု ကွန်ယက် များ တွင် လည်း ထိုင်း ရဲ များ ၏ လာဘ်
သပ် ပကာ ယူမှု ကို ဝေဖန် ထား ကြသည်။

အခင်း ဖြစ်ပွား ရာ နေရာ တွင် မျက် မြင် တွေ့  လိုက် သူ တစ်ချို့  က မီးခိုးရောင် အီတလီ နိုင်ငံ လုပ်
ဖယ်ရာရီ ကား သည် ဆိုင်ကယ် မောင်း နှင် လာသည့် ရဲ့  ကို တမင် ၀င် တိုက် သည် ဟု ဆိုသည်။

အာမခံဖြင့် ပြန် လည် လွတ်မြောက် လာသည့် ဗိုဒါယု ယိုဝိဒ
အာမခံဖြင့် ပြန် လည် လွတ်မြောက် လာသည့် ဗိုဒါယု ယိုဝိဒ

Red Bull , Ferrari, Bangkok.
freedom news group
Share this article :

1 comments:

ချစ်စံအိမ် said...

ပိုက်ဆံရှိတော့လည်းဘာမဆိုဖြစ်နေတာပေါ့လေ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map