<div style='background-color: none transparent;'></div>

Home » » ဆားလင်းကြီးက ၃ လောင်းပြိုင် သဂြိုလ်ပွဲ

ဆားလင်းကြီးက ၃ လောင်းပြိုင် သဂြိုလ်ပွဲ

ဓာတ်ပုံ- Aung Nay Myo
ပုဒ်မ ၁၄၄၊ ဦးပိုင်၊ ဦးတရုတ်ကြီး ဆိုတဲ့ ၃ လောင်းပြိုင်သဂြိုလ်ပွဲကို စစ်ကိုင်းတိုင်း ဆားလင်းကြီးမှာ
ယမန် နေ့ စက်တင်ဘာ ၅ ရက်နေ့က လုပ်ခဲ့ပါတယ်။



ဖြစ်စဉ်ကတော့ တရုတ်ဝမ်ပေါင်ကုမ္မဏီနှင့် စီးပွားရေးဦးပိုင်လီမီတက် ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ သိမ်းပိုက်ခံထားရတဲ့ ဒေသခံ ရွားသူ၊ ရွာသာတွေကို ကန့်သတ်တားမြစ် နေတဲ့ ပုဒ်မ ၁၄၄ ထုတ်ထားမှုခံထားရတာပါ။


ဒါကြောင့်၊စီမံကိန်း ဦးဆောင် လုပ်နေကြတဲ့ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီ လိမိတက်၊ တရုတ် ၀မ်ပေါင် ကုမ္ပဏီ တို့နဲ့အတူ ပုဒ်မ ၁၄၄ တို့ကို ခေါင်း အတု ၃ ခုလုပ်ပြီး မီးရှို့ သြ၈ိုလ်တဲ့ ပွဲ လုပ်ခဲ့ကြတာပါတဲ့။



သူတို့ဟာ ဈာပန ချပွဲ သဏ္ဍန် လုပ်ဆောင်ခဲ့ကြပြီး လူပေါင်း ၅၀၀၀ လောက် လိုက်ပါခဲ့ပြီး လုံခြုံရေး ရဲတွေနဲ့ တင်းမာမှု နည်းနည်းဖြစ်ခဲ့ပေမယ့် သဂြိုလ်ပွဲကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်လို့ သိရပါတယ်။


သူတို့ရဲ့ သိမ်းပိုက်ခံ လယ်ယာ မြေများကိုလည်း တိုက်ပွဲ ဆင်နွှဲပြီး ဥပဒေကို လေးစားလိုက်နာပြီး မတရားတဲ့ အမိန့်ကို ဖီဆန်ကာ ပြန်လည်ရယူသွားမယ်လို့ ဆိုပါတယ်။

လယ်သိမ်းခံ ဒေသခံ ရွာသူ၊ ရွာသားတွေအတွက် ဗကသ၊ ကွန်ရက်အစရှိသူတွေက ၀ိုင်းဝန်းအကျိုး
ဆောင် ပေးနေ ကြတယ်လို့ ပြောပါတယ် မကြာသေးမီက အကျိုးဆောင် တဦးဖြစ်တဲ့ ကိုဝေဠုကို အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုထိ ပြန်မလွတ်လာသေးဘူးလို့လည်း ဆိုပါတယ်။



ဓာတ်ပုံ- ပွင့်လင်း လူ့အဖွဲ့အစည်း - မုံရွာ



http://blog.irrawaddy.org/2012/09/blog-post_6.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map