<div style='background-color: none transparent;'></div>

Home » » အလုံ မြို့နယ်၌ အရေးပေါ်လှေကားနှင့်အတူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံး

အလုံ မြို့နယ်၌ အရေးပေါ်လှေကားနှင့်အတူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံး

သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ်
တိုက်အနောက်ဘက် (၆)  လွှာမှ အရေးပေါ်လှေကားနှင့်အတူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံးမှု တစ်ခုအလုံ မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အလုံမြို့နယ် စောရန်ပိုင်(မြောက်)ရပ်ကွက်၊ ငုဝါ လမ်း၊ တိုက်အမှတ် ၂၀၀၊ ၆လွှာ/ A မှ သေဆုံးသူ မ ...... သည် မွန်းတည့် ၁၂ နာရီအချိန် ၀န်းကျင်ခန့်တွင် အိမ်နောက်ဖက်အရေး ပေါ်လှေကား၌ ဖုန်းပြောနေစဉ် ယင်းလှေကားနှင့်အတူ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းဖြစ်စဉ် ဖြစ်ပွားပြီး ချိန်တွင် ၀ဲဘက်နောက်စေ့ စုတ်ပြဲ၊ ၀ဲဘက်မေးရိုးကျိုး၊ နှာခေါင်း၊ ပါးစပ်နှင့် ၀ဲဘက်ခြေထောက်များ ပွန်း ပဲ့ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဋ္ဌာန သို့ ပို့ဆောင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

74912a
“ ကျွန်တော်တို့အိမ် အနောက်ဖက်မှာ ၀ုန်း ဆိုပြီးအသံကြားတော့ ဘာဖြစ်တာလဲဆိုပြီး သွားပြေးကြည့်တာ။ နောက်ဖေးလမ်းကြားမြောင်းထဲမှာ အမျိုးသမီးတစ်ယောက် လဲကျနေတာတွေ့လိုက်ရ တယ်။ သူ့ဘေးမှာလဲ အရေးပေါ် လှေကား အဆွေးကြီးတစ်ခု တွေ့ရတယ်။ တိုက်အပေါ်ကိုကြည့်လိုက်တော့ အောက်ကလှေကားတွေပါ သူကျလာတဲ့ အရှိန်ကြောင့် ပျက်နေတာကိုတွေ့ရတယ် “ ဟု ၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် တိုက်အနီးတွင် နေထိုင်သူတစ်ဦးကပြောခဲ့သည်။
“ ကျွန်မသိသလောက် ကတော့ ဒီတိုက်ဆောက်ထားတာ နှစ်ပေါင်း ဆယ်နဲ့ချီပြီး မရှိသေးပါဘူး။ တိုက်မှာ အကြောင်းတစ်စုံတရာ ဖြစ်ခဲ့ရင် ပြေးထွက်ဖို့ထားတဲ့အရေး ပေါ်လှေကားက ဒီလိုမခိုင်မမာ၊ ဆွေးနေမှတော့ ဒီလှေကားကြောင့် တစ်ခုခုဖြစ်ရတော့ မလိုပါပဲ “ ဟုအဆိုပါ ဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကပြောပါသည်။
သေဆုံးသူသည် ၎င်းနေထိုင်ရာ တိုက်ခန်းတွင် အမဖြစ်သူ နှင့် နှစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားချိန်တွင် နေအိမ်၌ ၎င်းတစ်ဦးတည်းသာ ရှိကြောင်း သိရသည်။
eleven media 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map