<div style='background-color: none transparent;'></div>

Home » » မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၄၂ လမ်းကြားနှင့် ၇၈ လမ်း နှင့် ၇၉ လမ်းကြားရှိ မင်္ဂလာတူးမြောင်း အတွင်း စွန့်ပစ်ထား ခဲ့သည့် ကလေးငယ် တစ်ဦးကို ယခုလ ၄ ရက်နေ့က တွေ့ရှိခဲ့ ကြောင်း သိရသည်။
စွန့်ပစ်ထားသော ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး လေးပေါင် ရှိကြောင်း သိရသည်။ "ကလေးကို တူးမြောင်းထဲမှာ အရင် တွေ့တာ။ တူးမြောင်းဆိုပေမယ့် ရေက ခြောက်လက်မလောက်ရှိတယ်။ အဲဒီက မှ ချောင်းကြီးထဲကို စီးဝင်တာ။ နည်းနည်းပဲလိုတော့တယ်။

ပထမအရုပ်လေး ပဲထင်ကြတာ။ ကလေးအသံကြားမှ သိရတယ်။ ကလေးက မျက်နှာတွေ ပြာနေပြီ။ ကလေးကိုဆယ်ပြီး မြို့နယ် ဒေသန္တရ ဆေးခန်းကိုသွားတော့ နေ့လယ်ပိုင်း ရောက်နေပြီ။
ဆရာဝန်ကတစ်ယောက် မှ မရှိဘူး။ ဒါနဲ့ ဆေးရုံကြီးမွေးကင်းစ ဆောင်ကိုသွားပြီး အောက်ဆီဂျင် ပေးတော့မှ ကလေးက အသံတွေထွက် လာတယ်" ဟု ကလေးငယ်အား ဆေးရုံ သို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ဦးအောင်အောင်နိုင် (ခ) ဘကြီးအောင်  မြန်မာတိုင်း(မ်)ကို ပြောသည်။ အဆိုပါကလေးငယ် ဆေးကုသရန် အတွက် နီးစပ်ရာမှ အလှူငွေများ ထည့် ၀င်ပေးခဲ့ကြသည်။
 From -မြန်မာ့တိုင်းမ်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map