<div style='background-color: none transparent;'></div>

Home » » မြန်မာနိုင်ငံပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည်ဟု ထုတ်ဖော်ပြောဆိုလာသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံပြန်လာရန် ခွင့်ပြု

မြန်မာနိုင်ငံပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည်ဟု ထုတ်ဖော်ပြောဆိုလာသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံပြန်လာရန် ခွင့်ပြု

ရန်ကုန်၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည်ဟု ထုတ်ဖော်ပြောဆိုလာသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံပြန်လာရန် ခွင့်ပြုလိုက်ပြီး ပြန်လာပါကကြိုဆိုပါကြောင်း ၎င်း၏မိသားစု ကိုအကြောင်း ပြန်ကြားထားသည်ဟု နိုင်ငံတော်သမ္မရုံး ၀န်ကြီး ဦးအောင်မင်းက Th

e Voice Weekly ၏မေး
မြန်းချက်ကို ပြန်လည်ဖြေကြားသည်။

နေပြည်တော်ရှိ သမ္မတရုံးတွင် ယနေ့(စက်တင်ဘာလ ၇ရက်)ကျင်းပနေသော Peace Donor Support Group ၏ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပနေစဉ် The Voice Weekly ၏မေးမြန်းမှုကို ၀န်ကြီးဦးအောင်မင်းက ယင်းသို့ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတကြီးက ဗိုလ်မှူးချုပ်ကျော်ဇော၏ မြန်မာနိုင်ငံပြန်လာလိုပြီး၊ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့် ဆန္ဒကိုသိရှိပြီး ရဲဘော်သုံးကျိပ်ဝင်ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံသားတစ်ဦး၏ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့် ဆန္ဒကို အလေးအနက် ထားသည့်အတွက် ပြန်လာရန်ခွင့်ပြုလိုက်ပြီး ကြိုဆိုလိုက်ခြင်းဖြစ်ကြောင်း သမ္မတကြီး၏ ယင်းသဘောထားကို ဗိုလ်မှူးချုပ်ကျော်ဇော်၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော ကို အကြောင်းပြန်ကြားထားပြီးဖြစ်သည်ဟု ၀န်ကြီးက ရှင်းပြသည်။

“သမ္မတကြီးရဲ့ဒီလိုသဘောထားက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အချက်တစ်ချက်အနေနဲ့ ကြိုဆိုရမှာပါ”ဟု မြန်မာနိုင်ငံရေးလေ့လာသူ ဦးလှမောင်ရွှေကသုံးသပ်သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် အခြေချနေထိုင်နေသည့် အသက် ၉၃နှစ်အရွယ် ဗိုလ်မှူးချုပ်ကျော်ဇောမှာ ယနေ့အချိန်အထိသက်ရှိထင်ရှား ကျန်ရှိနေသည့် ရဲဘောသုံးကျိပ်ဝင်နှစ်ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး လတ်တလောတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်း အထွေထွေရောဂါကုဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ကျော်ဇော ကို အဖဦးပန်း၊အမိဒေါ်တင့်တို့က ၁၉၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့၊ တွင် သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။

၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်ပြည်သို့ စစ်ပညာသင်ကြားရန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။ ၁၉၅၃ခုနှစ် မတ်လတွင် ရှမ်းပြည်အတွင်း ကူမင်တန် တရုတ်ဖြူတပ်များ ကျူးကျော် ၀င်ရောက်မှု့ကို တွန်းလှန် တိုက်ခိုက် သည့် ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ ဦးဆောင်ခဲ့သည်။

၁၉၅၇ ခုနှစ် ဧပြီလတွင် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ ၁၉ရ၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့်အတူ ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် တရုတ်ပြည်၌ ခိုလှုံကာ ယခုအခါ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့၌ နေထိုင်လျှက် ရှိသည်။
The Voice Weekly 
Share this article :

1 comments:

ခွေးအလာ said...

စာကိုအမဲနဲ့ရေးပေးပါ။ ညီလေးအောင်သက်ခိုင်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map