<div style='background-color: none transparent;'></div>

Home » » မလေးရှားနိုင်ငံရှိအိုင်ဖုန်း Apple စက်ရုံမှ မြန်မာအမျိုးသမီး လုပ်သားများ ခေါ်ယူ

မလေးရှားနိုင်ငံရှိအိုင်ဖုန်း Apple စက်ရုံမှ မြန်မာအမျိုးသမီး လုပ်သားများ ခေါ်ယူ

မလေးရှားနိုင်ငံရှိ အိုင်ဖုန်း (Apple) စက်ရုံတွင် အလုပ်လုပ် ကိုင်ရန် မြန်မာ အမျိုးသမီး လုပ်သား များအား ခေါ်ယူနေလျက်ရှိကြောင်း တာမွေမြို့နယ်အခြေစိုက် မြန်မာ လုပ်သားစီမံခန့်ခွဲမှုဆိုင်ရာ ဝန် ဆောင်မှုကုမ္ပဏီက တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
အိုင်ဖုန်း(Apple) စက်ရုံ တွင် အလုပ်လုပ်ကိုင်မည်ဆိုပါက လစာ ၅၆၄ ရင်းဂစ် ရရှိမည်ဖြစ်ပြီး တစ် ရက်စာ လစာမှာ ၂၁ ရင်းဂစ်ရရှိ မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ “OT ကြေးလဲရှိတယ်။ OT ကြေးကတော့ ဘယ်လောက်ရ တယ်ဆိုတာ ကိုယ့်အပေါ်မှာပဲ မူ တည်တယ်။ နာရီပိုင်းပဲ လုပ်မယ် ဆိုရင် နာရီပိုင်းစာပဲရမယ်၊ တစ်ရက် လုံးလုပ်မယ်ဆိုရင် တစ်ရက်စာ ၂၁ ရင်းဂစ်ရမှာပါဟု ၄င်းကဆက် လက်ပြောသည်။

အဆိုပါစက်ရုံတွင် အလုပ် လုပ်ကိုင်ရန် အမျိုးသမီးလုပ်သား များသာ အဓိကခေါ်ယူလျက်ရှိပြီး လုပ်ကိုင်လိုသူများသည် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ဝန်းကျင်အတွင်း ရှိသူဖြစ်ရမည်ဟု ကျောက်တံတား မြို့နယ်၌ရှိသည့် ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီမှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
“ပညာအရည်အချင်းက အဲ ဒီလောက်ကြီးမလိုဘူး၊ ဘာသာ စကားလည်း သိပ်မလိုဘူး။ အဲဒီ အိုင်ဖုန်းစက်ရုံမှာ ဘာလုပ်ရမလဲ ဆိုတော့ ဖုန်းထဲမှာရှိတဲ့ ဆားကစ် ပြားတွေနဲ့ပတ်သက်ပြီးလုပ်ရမှာ။ ပင်ပင်ပန်းပန်းကြီးလုပ်ရမယ့်အလုပ် တော့ မဟုတ်ပါဘူး”ဟု ၄င်းက ဆက်လက်ပြောသည်။ ထို အိုင်ဖုန်း(Apple) စက် ရုံတွင် အလုပ်လုပ်ကိုင်လိုသူများ သည် လုပ်ငန်းအတွေ့အကြုံမရှိသူ များလည်း အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
“အင်တာဗျူးကတော့ ဘယ် နေ့ဘယ်ရက်လို့မရှိဘူး။ C V Form ရယ်၊ မှတ်ပုံတင်ရယ်၊ သန်းခေါင် စာရင်းရယ် အဲဒါတွေနဲ့ အလုပ်လာ လျှောက်လို့ရပါတယ်။ အဲဒါတွေနဲ့ ရုံးကိုလာတော့မှ ဘာတွေထပ်ပြီး လိုအပ်မယ်၊ ဘာတွေထပ်လုပ်ရ မယ်ဆိုတာ ပြောပြပေးမယ်”ဟု မြန်မာလုပ်သားစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ မလေးရှားနိုင်ငံရှိ အိုင်ဖုန်း (Apple) စက်ရုံတွင် အလုပ်လုပ် ကိုင်မည့် သူများအား နေစရာ စီစဉ် ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံကူးလက်မှတ်မရှိသူများအား ဝန်ဆောင်မှုမျိုး ပြုလုပ်ပေးနေလျက် ရှိကြောင်း မြန်မာလုပ်သားစီမံခန့် ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီမှ သိရသည်။
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map